Arc-3.21(ညှိုး)

1.9K 250 12
                                    

Unicode

ရင်းနှီးနေတဲ့ရေတံခွန်နားမှာထိုင်နေသည့်မိန်းကလေးတစ်ယောက်ကလှပတဲ့ပတ်ဝန်းကျင်နှင့်ဆန့်ကျင်စွာရှိနေသည်။ သူမကရာရာ..ဟွားရာ...

သူမချစ်ရသူကပြန်မလာတော့မှန်းသိပေမဲ့မျှော်နေရတာနှစ်တစ်ထောင်ကျော်ထိမရပ်နားခဲ့ပေ။ ဒါပေမဲ့တစ်နေ့မှာရေထဲမျောလာတဲ့ကောင်လေးတစ်ယောက်ကိုကယ်မိခဲ့သည်။ ဒါပေမဲ့ထူးဆန်းတာကထိုကောင်လေးရဲ့ပုံပန်းသွင်ပြင်သည်သူမ၏ချစ်သူနှင့်အတော်လေးတူညီပေသည်။

သူမချစ်သူမဟုတ်ဘူးဆိုတာခံစားမိပေမဲ့ သူ့ကိုသူမချစ်သူနေရာမှာအစားထိုးဖို့ဆုံးဖြတ်လိုက်ပြီး ထိုကောင်လေးဆန္ဒရှိသမျှကိုသူမကရအောင်ယူဆောင်ပေးသည်။

ကောင်လေးကတော်ဝင်မင်းသားတစ်ပါးဖြစ်သည်ကိုသိသည့်အခါမှာသူမကတားမြစ်ထားတဲ့မှော်ပညာတွေသုံးပြီးလူတွေအားလုံးကောင်လေးအပေါ်ကိုချစ်ခင်ရိုသေအောင်ပြုလုပ်လိုက်သည်။ အဲ့မှော်ပညာကိုမခံစားနိုင်မည့်သူတွေကတစ်စုံတစ်ယောက်ကိုအချစ်စစ်နှင့်ချစ်သည့်သူတွေသာဖြစ်သည်။ အချစ်စစ်ဆိုတာအရမ်းရှားတယ်လေ...တစ်နိုင်ငံလုံးပေါင်းရင်တောင်တစ်ယောက်ရှိချင်မှရှိမည်။

အများစုကအလှကြောင့်၊တနှာကြောင့်သဘောကျကြပြီးအချစ်ဟုသတ်မှတ်သည်။ တချို့ကမိဘတွေသဘောတူလို့ယူကြသည်။ ပိုင်ဆိုင်မှုတွေတပ်မက်လို့အချစ်ကိုခုတုံးလုပ်ကြသူများမှာပိုလို့ပင်ပေါသည်။ အချစ်စစ်ဆိုတာဘယ်မှာနည်း...

သူမရဲ့လုပ်ရပ်ဟာအမှားကြီးမှားနေမှန်းသိပေမဲ့ဆက်လုပ်နေဆဲပင်...သူမရဲ့သားတစ်ဖြစ်လည်းမောင်ဖြစ်သူကိုတောင်ဂရုမစိုက်တော့ပဲ ထိုသူကိုသာအမြဲဖြည့်ဆည်းပေးခဲ့သည်။ သူမကလည်းသူမချစ်သူနှင့်တူသည့်ကောင်လေးကိုလူသားတွေမသိအပ်သည့်အကြောင်းအရာတွေပါပြောပြလိုက်မိသည်။

တစ်နေ့မှာရာရာကသူ့ကိုသူမရဲ့ချစ်သူနေရာမှာအစားထိုးမှန်းသိလာသည့်အတွက်ကောင်လေးကအရမ်းဒေါသထွက်သွားခဲ့သည်။ ထိုအချိန်မှာသူမကသူ့ကိုလိမ်ညာအစားထိုးမိခဲ့သောကြောင့်ကောင်လေးဒေါသထွက်သွားသည်ဟုထင်ကာနောက်ဆုံးအနေနဲ့နန်းတော်ထဲထိသွားကာတောင်းပန်လေသည်။

I am a System30 (series1)Where stories live. Discover now