Arc-4.3(ညှိုး)

1.8K 242 21
                                    

Unicode

"ဒါငါ့ကလေးလား?"

{လူကစိတ်ကယောက်ကယက်ဖြစ်ပြီးအရင်အပိုင်းမှာထည့်ဖို့မေ့သွားတာ}

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

{လူကစိတ်ကယောက်ကယက်ဖြစ်ပြီးအရင်အပိုင်းမှာထည့်ဖို့မေ့သွားတာ}

နူးညံ့သိမ်မွေ့ပြီးချစ်စရာကောင်းတဲ့ကလေးမလေးတစ်ယောက်...
ထိလိုက်ရင်တောင်ပဲ့ကြွေသွားမှာစိုးရသည်...

'ချစ်စရာလေး..အားးးအသည်းယားလိုက်တာ'

<"30လိုပဲမလား">

'လိ.တောင်မတူဘူး...'

<"မှတ်ထားနော်...မှတ်ထား...">

ကလေးမလေးကကြောက်ကြောက်ရွံရွံဖြင့်ရေတံခွန်နောက်က​ကျောက်အက်ကြားထဲပြေးဝင်သွားသည်။ အက်ကြားက,ကလေးတစ်ယောက်ဝင်လို့အဆင်ပြေပေမဲ့လူကြီးခန္ဓာကိုယ်ကဝင်ရခက်ပေသည်။ ဒါပေမဲ့ဆူရွန်ကမှော်ပညာအခင်းအကျင်းတစ်ခုရေးဆွဲပြီးအထဲသို့ဝင်ရောက်နိုင်သွားသည်။

သို့ပေမဲ့အနောက်ကသုံးကောင်..အဲ...သုံးယောက်ကတတွတ်တွတ်နဲ့ရန်ဖြစ်နေပြီးအခင်းအကျင်းကိုယ်စီဖြင့်အထဲဝင်လာကြသည်။ သူ့ကိုမြင်မှရန်ဖြစ်တာရပ်သွားပြီးကိုယ်ရှိန်သပ်ကာ ခပ်တည်တည်အနားကပ်လာလေသည်။

"ကလေးကိုလိုက်ရှာ..."

သူ့အသံလည်းကြားရောသုံးယောက်သားအထွဋ်မတက်ဘဲ နေရာအနှံ့လိုက်ရှာနေကြသည်။ အတွင်းပိုင်းနေရာကျဉ်းကျဉ်းလေးတွင်ဘာမှရှိမနေပေ။ ဒီထဲကိုဝင်သွားတာသေချာပေမဲ့ထွက်ပေါက်မရှိတဲ့နေရာမှာဘာကိုမှမတွေ့ပေ။

ဒေါသထွက်စွာဖြင့်အနားရှိကျောက်တုံးကြီးတစ်တုံးကိုကန်လိုက်ရာကျောက်တုံးကလွှင့်ထွက်သွားပြီးတုံးအောက်မှာဝှက်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရသည်။ ထိုအရာကိုရင်းနှီးနေသည့်အတွက်မှတ်ဉာဏ်ခေါ်ပြီးထိကာနီးတွင်ကလေးမလေးကရုတ်တရက်ပေါ်လာပြီးသူ့လက်ကိုကိုက်နေသည်။

I am a System30 (series1)Where stories live. Discover now