Arc-4.25(ညှိုး)

782 77 24
                                    

Unicode

FEB...13

~ခွမ်းးး~

မွန်နီခါအိမ်တော်....
လက်ရှိတွင်အရင်အိမ်တော်သခင်ဟောင်းနေထိုင်သည်။

"ဆူရွန်...ဆူရွန်...အဖေအရင်းကိုသတ်ပြီး ဦးလေးအရင်းကိုမယားတော်ထားတဲ့ကောင်ရဲ့သားတွေနဲ့တော်အမျိုးစပ်လိုက်သေးတယ်...ငါကသူ့ကိုကွာရှင်းအောင်ခြိမ်းခြောက်လိုက်တာကိုငါ့ကိုမရွေးဘဲ ဟိုကောင်ကိုရွေးသွားတယ်...ငါ့တူတော်ရူဂယ်အတွက်တရားမျှတမှုကိုငါဘယ်လိုရှာရမလဲ?"
ရူဂယ်...ရွိုင်း၏ဖခင်။

အဖေကသားကိုသတ်၊သားကအဖေကိုသတ်တဲ့တော်ဝင်အသိုင်းအဝိုင်းကသူ့အတွက်ရွံစရာပင်။ လေးစာမှုတော့ရှိပေမဲ့သူ့မိသားစုကိုတော်ဝင်မျိုးနွယ်နှင့်မဆက်နွှယ်စေချင်ပေ။

~~~

သူတို့၏တော်စပ်မှုကိုပြောရမည်ဆို...

မွန်နီခါသခင်ဟောင်းနှင့်ရွိုင်း၏အဖိုးသည်ဝမ်းကွဲညီအကိုတော်စပ်ကြသည်။ သူတို့၂ဦး၏ဖခင်တွေကမိခင်မတူသည့်ညီအကိုရင်းများဖြစ်ကြသည်။ သို့ပေမဲ့တစ်ဦးကနောက်ဆုံးဆက်သခံဒွိလိင်မှမွေးဖွားလာသည့်ဒွိလိင်ဖြစ်နေသည်။ ဘုရင်တစ်ဦးအနေနှင့်ဒွိလိင်ကိုမဖြစ်မနေကြင်ယာမြောက်ရမည်ဖြစ်၏။ မီးတိုင်းပြည်တစ်ခုသာဖြစ်နေသေးသည်။ တစ်ခေတ်တစ်ခါကတော့အံ့ဖွယ်အင်ပါယာဖြစ်ခဲ့ပေမဲ့ယခုတွင်တော့အစိတ်စိတ်ပြိုကွဲနေပေ၏။

ထိုခေတ်အချိန်ကသစ်သားအင်ပါယာပျက်ဆီးဖို့၂နှစ်ခန့်လိုနေသေးသည်။ သစ်သားအင်ပါယာကဒွိလိင်တစ်ဦးကိုဆက်သပြီးတော်ဝင်မျိုးနွယ်တစ်ဦးကိုပြန်ခေါ်သွားသည်။ ဘုရင်လောင်းမှာချစ်ရသူရှိပေမဲ့ဒွိလိင်နှင့်အရင်လက်ဆက်ရမည်ဖြစ်ပြီး ကိုယ်ဝန်ရမှချစ်ရသူနှင့်လက်ထပ်လို့ရပေမည်။ ပြောရမည်ဆိုဒွိလိင်ကလည်းချစ်ရသူနှင့်အတင်းခွဲခံရကာဆက်သခံရသူဖြစ်လာပေသည်။

ဒွိလိင်လေးမှာကိုယ်ဝန်ရှိလာသောအခါဘုရင်လောင်းသည်ထီးနန်းကိုချစ်ရသူနှင့်အတူဆက်ခံခဲ့ကာသူမကိုဘုရင်မနေရာမြောက်စားခဲ့သည်။ သစ်သားအင်ပါယာ၏နောက်ခံကြောင့်ဒွိလိင်လေးကိုလည်းကြင်ယာတော်နေရာထားလေသည်။ 

I am a System30 (series1)Where stories live. Discover now