Arc-2.11(ညှိုး)

2.9K 363 17
                                    

Unicode

"ဟျောင့်ပြေကြီး..." မတွေ့တာကြာတဲ့ငယ်သူငယ်ချင်းဖြစ်တဲ့အောင်မြင်သူကနောက်ကနေလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

"ဘာလဲ အောင်ကြီး...ငါ့နာမည်ကလေပြေငယ်မဟုတ်တော့ဘူး...Windy...OK"

"woo...Good...ငါကလည်းအောင်မြင်သူမဟုတ်တော့ဘူး..Winner"

"aww...ဒါနဲ့ငါမင်းကိုသိလို့လား"

"အေငါလည်းမင်းကိုမသိဘူး"

လေပြေငယ် ကိုဘယ်အချိန်ကကြည့်လို့မရခြင်းလဲဆိုတော့ လင်းရောင်ပျောက်သွားတဲ့အချိန်ကပင်။ အဲ့တုန်းကတော့စကားမပြောဘူးပေါ့။ ခုတော့အမြင်ကပ်ရသည့်သူကိုစကားနဲ့နှိပ်စက်ရမည်။

"ဒါနဲ့မင်းမိန်းမရနေပြီလား"ဆိုတော့ စူးစိုက်ကြည့်လာတဲ့ လေပြေငယ်ကြောင့်ဂုဏ်တောင်ယူမိသွားပေသည်။

"သေတောင်မိန်းမမယူဘူး"
တစ်ခွန်းချင်းစီပီပီသသရွတ်ကာ အားမာန်ဖြင့်ပြောလာသည်။

"ယူလိုက်ပါ...မင်းတို့မိသားစုရဲ့စီးပွါးရေးကိုကူစောင့်ရှောက်နိုင်မဲ့ထက်မြတ်တဲ့အမျိုးသမီးကောင်းလေးတစ်ယောက်ပေါ့..."

"မင်း...."

"အွန်...ဆုမွန်ရည်ဆိုမဆိုးဘူး...ပြီးတော့သူကလင်းရောင်ရဲ့ညီမဆိုတော့မင်းနဲ့ငါနဲ့သမီးယောက်ဖတော်လို့ရတာပေါ့"

မထီမဲ့မြင်ဟန်ဖြင့် အောင်မြင်သူကိုလေပြေငယ်သေချာကြည့်ပြီး...
"မင်းမေ့နေတာလား...လင်းရောင်ကဘယ်သူ့ကိုမှမရွေးချယ်သေးဘူးလေ"

"မင်း..."

"ဟိုနှစ်ယောက်မတော်သေးဘူးလား...ရန်ဖြစ်ချင်ရင်ငါ့ရုံးခန်းရှေ့မှာလာမဖြစ်နဲ့..."

"ဘာဖြစ်လဲ ဟွန့် တောင်းပန်ပါတယ်"

"စိတ်မရှိပါနဲ့...ဟမ့်"

ရုံးခန်းအရှေ့ကတစ်ယောက်ကိုတစ်ယောက်ရန်ဆောင်ရင်းထွက်သွားတဲ့နှစ်ယောက်ကိုကြည့်ရင်းဦးဝဏမင်းစိုး သွေးခဏခဏတက်ရသည်။

ငယ်ငယ်ထဲကအချင်းချင်းကိုက်နေကြတာခုထက်ထိကိုက်လို့မဝသေးဘူးလားမသိ။ ခုလည်းနှစ်ယောက်သားကိုအရေးကြီးလို့အတူရုံးခန်းခေါ်မိပါရဲ့...သူ့ရုံးခန်းရှေ့မှာတင်ကိုက်နေကြပြန်သည်။

I am a System30 (series1)Where stories live. Discover now