Arc-3.2(ညှိုး)

3.1K 350 25
                                    

Unicode

'ရောက်ပြီလား'

<"ရှေ့ကချုံပုတ်ကိုဖယ်လိုက်ရင်ရပြီ">

ဆိုတဲ့အတိုင်းဖယ်လိုက်တော့တွေ့လိုက်ရတာကရွာရဲ့နယ်နိမိတ်မဟုတ်ပဲ ကျောက်တောင်ကြီးတစ်ခု...

'ဟုတ်မှလည်းလုပ်နော် ငါတို့သူများပိုင်နက်ထဲကျူးကျော်မိသလိုဖြစ်နေဦးမယ်'

<"အဲ့ဒါတေါ့30မသိဘူး အထက်ကပြောတဲ့အတိုင်းသွားတာ">

'30ရယ် သိတာဘာရှိလဲပြော'

<"ဘာမှမရှိပါဘူး">

'...'
30ကိုစိတ်လေတယ်ဆိုတဲ့အကြည့်တစ်ချက်ပေးလိုက်ပြီး
'အဲ့ကျောက်တောင်ပေါ်တက်ရမှာလား'

<"immဟုတ်တယ် ဘာရှိလည်းတော့မသိဘူး တစ်ခုခုတော့ရှိနိုင်တယ်">

'သွားကြရအောင်...မင်းငါ့ကိုမသေအောင်တော့ကာကွယ်ပေးရမယ်နော်'

<"စိတ်ချ">

'ဒါပဲကြောက်နေရတာ'
နှစ်ယောက်သားစကားတစ်ပြောပြောဖြင့်တောင်ခြေရင်းသို့ရောက်သွားလေတော့ တောင်ကအရမ်းမတ်စောက်သောကြောင့် တက်၍မလွယ်ခဲ့ပေ။ တောင်ကအနီးကပ်ကြည့်မှ တောင်တစ်ခုလုံးကျောက်သားများဖြင့်မဟုတ်သည်ကိုတွေ့ရှိခဲ့ရသည်။ ​တစ်ချို့နေရာများတွင်အပင်တစ်ချို့ရှိနေလေသည်။ ထို့ကြောင့်အပင်တွေဖြင့်တွယ်တက်ကာအထက်သို့တက်ရလေသည်။

တွယ်တက်ရင်းနေရာကောင်းကောင်း၌ခနအနားယူကာထိုင်နေစဥ် အကြည့်ထဲသို့တစ်စုံတစ်ခုကဝင်ရောက်လာလေသည်။ ထိုသည်ကကလေးငယ်တစ်ရပ်စာလောက်ရှိသည့်ဂူဝပေါက်တစ်ခု...အမှုမှတ်အမှတ်မဲ့ဆိုလျှင်ကျော်သွားနိုင်ပေသည်။

'30ဟိုမှာအပေါက်တစ်ပေါက်'

<"hostရမ်းသမ်းပြီးလျှောက်မဝင်နဲ့နော်မတော်လို့ဒုက္ခရောက်ကုန်မယ်">

'ရမှာပါဟ30ပါတာပဲ မျက်စိရှေ့ရောက်ပြီးကာမှမဝင်ရင်ရိုင်းရာကျမှာပေါ့'

နှစ်ယောက်လုံးကညှိုးဟာလက်ရှိတွင်နတ်သားတစ်ပါးဖြစ်နေသည်ကိုမေ့နေဟန်တူပေသည်။

'30သွားရအောင်တောင်ကနည်းနည်းမတ်တယ်သတိထား '

<"ကောင်းပြီ ကောင်းပြီဟွန့်">

I am a System30 (series1)Where stories live. Discover now