Arc-4.2(ညှိုး)

2K 246 6
                                    

Unicode

"အဲ့မှာပဲရပ်နေတော့မှာလား...ပြောစရာရှိတာပြော"

အဲ့တော့မှလန့်သွားပြီးတွန့်ဆုတ်ဆုတ်ဖြင့်နယ်စားကြီးနားကပ်ပြီးနား,နားကပ်ကာတိုးတိုးလေးပြောလိုက်သည်။

"နယ်စားတို့လိုဝံပုလွေတွေနေထိုင်တဲ့နေရာမှာရှိတဲ့အမှတ်အသားတွေတွေ့လိုပါ"

အသည်းအသန်လိုက်စုံစမ်းနေတဲ့နယ်စားကအခုအချိန်မှာတော့ပျင်းရိပျင်းတွဲအသံဖြင့်..."အဲ့တော့ငါကဘာလုပ်ရမှာလဲ.."ဟုပြန်မေးသည်။ မိုရှာထာ မှာဘာ​ဆက်ပြောရမလဲမသိတော့သဖြင့် နယ်စားကြီး​ပေးမဲ့အမိန့်ကိုသာစောင့်နေတော့သည်။

<"hostအဲ့ဒါ ဒီခန္ဓာပိုင်ရှင်ရဲ့ကလေးလေ သွားခေါ်ရမှာပေါ့...မနက်ဖြန်သွားမယ်ပြန်​ပြောလိုက်">

"မနက်ဖြန်နေ့ခင်းလောက်သွားမယ်..." ပြီးရင်ပြီးရောဆိုပြီးပြော​ချလိုက်သည်။

<"host..30ပြောတဲ့အတိုင်းလိုက်ပြော...">

'omm'

အိပ်ချင်ပါသည်ဆိုမှ30ကလည်းရစ်လိုက်..မိုဘာရှာလည်းမသိတဲ့ကောင်ကရစ်လိုက်နဲ့ရှင်တောင်ရှင်ချင်တယ်...
(သေစရာလား...တစ်ခါသေပြီးတော်ရောပေါ့)

<"သားတော်ကြီးကို...">

"သားတော်ကြီးကို..."

<"အိမ်တော်ကိုအရင်ပြန်ခိုင်းလိုက်...">

"အိမ်တော်အရင်ပြန်ခိုင်းလိုက်..."
'မပြီးသေးဘူးလား'

<"ငါမနက်ဖြန်ကလေးကိုသွားရှာမယ်...အသင်ရယ် စစ်သူကြီးနဲ့ကိုယ်ရံတော်ခေါင်းဆောင်ကိုပဲခေါ်သွားမယ်...">

'ရှည်တယ်'

<"ပြောခိုင်းတဲ့အတိုင်းသာပြော...">

"ငါမနက်ဖြန်ကလေးကိုသွားရှာမယ်...အသင်ပြီးတော့စစ်သူကြီးနဲ့ကိုယ်ရံတော်ခေါင်းဆောင်ကိုပဲခေါ်သွားမယ်..အမိန့်အတိုင်းလုပ်လိုက်"

'30ငါဘာတွေပြောလိုက်လည်းမနက်ကြရင်ပြန်ပြောပြ ငါဘာမှမမှတ်မိဘူး အိပ်ပြီ'

"အမိန့်ကိုနာခံလျှက်ပါ..."မိုရှာထာ နယ်စားကြီးကိုအရိုအသေပြုရင်းမင်းသားရဲ့တဲကိုအရင်သွားလိုက်သည်။
{🍁🍁နယ်စားကဘုရင်ခံတစ်ယောက်ပါ...ဒါမို့နယ်စားရဲ့သားကိုမင်းသားလို့သုံးမှာပါ....ပြီးတော့နယ်စားကလည်းတော်ဝင်မျိုးနွယ်ကဆင်းသက်လာလို့သူ့သားသမီးတွေကိုမင်းသားမင်းသမီးလို့ခေါ်ရမှာပါ
အဆင်မပြေရင်သခင်လေးသခင်မလေးလို့ပြောင်းသုံးပါ့မယ်}

I am a System30 (series1)Where stories live. Discover now