ဆူရွန် (extra chapter-2)

631 49 4
                                    

ဆူရွန်...

ဆူရွန်နှုန်းချိစွာနိုးလာချိန်မှာတစ်စုံတစ်ယောက်ကသူ့ကိုတင်းကျပ်စွာဖက်ထားသည်။ မော့ကြည့်မိတော့နုပျိုပြီးချောမောတဲ့မျက်နှာလေးကိုတွေ့လိုက်ရသည်။ ဘယ်သူလဲဆိုတာပြန်တွေးကြည့်ပြီးနောက် ဒါကသူ့ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့သားပါလားဆိုတာသိလိုက်ရပြီး အရမ်းရှက်သွားမိသည်။ သူကဒါကိုကလေးနဲ့လုပ်နေမိတာလား?

သူ့အကြောင်းတွေပြန်တွေးကြည့်မိတော့...

ဆူရွန်ရဲ့ဘဝကအရမ်းကိုအဆင့်အတန်းမြင့်တယ်ဆိုတာအားလုံးမြင်ကြရလိမ့်မည်။ သို့သော်အဖိုးဖြစ်သူရဲ့အတ္တကြောင့်မွေးဖွားပြီးပြီးခြင်းပင် မိဘတွေအနားမှချက်ချင်းခေါ်ထုတ်ခံခဲ့ရသည်။ အဖိုးဖြစ်သူကဉာဏ်ရည်ထက်မြက်အောင်ပျိုးထောင်ခဲ့၊ပုံသွင်းခဲ့သော်လည်း လူမှုဆက်ဆံရေးနှင့်ပတ်သတ်၍တော့မသင်ကြားပေးခဲ့ပေ။ ပြောရမည်ဆိုIQသာမြင့်ပေမဲ့EQနှင့်ပတ်သတ်လာရင် Zero ဖြစ်၏။

ဆူရွန်အသက်၈နှစ်ပြည့်စွမ်းအင်နိုးထချိန်တွင်သူ့မိဘနှစ်ပါးက ညီအကိုတွေနှင့်အတူလာရောက်ဂုဏ်ပြုပေးခဲ့သည်။ သူ့ဘဝမှာနွေးထွေးမှုဆိုတာကိုခံစားမိတဲ့ပထမဆုံးအကြိမ်ဖြစ်သည်။ ဒါပေမဲ့အဖိုးကြောင့်ရက်ပိုင်းအတွင်းမှာသူရရှိခဲ့တဲ့နွေးထွေးမှုကိုမေ့သွားခဲ့ပြီး သတ်မယ်၊ သတ်ပြီးရင်းသတ်မယ်၊ အားလုံးရဲ့ထိပ်ဆုံးမှာနေမယ် ဆိုတာတွေသာသူ့အသိထဲ၌ကြီးစိုးနေသည်။

ဝံပုလွေတစ်ကောင်အနေနဲ့ပထမဆုံးလိင်စိတ်ကြွမှုအကြိမ်က အခြေနေဆိုးရွားလွန်းသည်။ ဝံပုလွေတစ်ကောင်သိသင့်သိထိုက်တာကိုမသိသည့်သူ့အတွက် ထိုအချိန်ကစောစီးစွာရောက်လာကာ သူ့ထက်တစ်နှစ်သာကြီးသောအမျိုးသမီးကိုအတင်းရယူကာ စိတ်ကျေနပ်မှုရယူခဲ့သည်။

သူမကသူ့ဘဝမှာလေးစားမိတဲ့အမျိုးသမီးဖြစ်ခဲ့သည်။ ဂုဏ်ပကာသနကိုမမက်မောတဲ့သူမက 'မွန်နီခါမိသားစု'ရဲ့တရားဝင်သခင်မနေရာရယူမည့်အစား သူ့ကို​တောင်းဆိုခဲ့သည်။ ကလေးကိုသူ့အတွက်မွေးပေးပါ့မယ် သူမရဲ့ချစ်သူနဲ့သူမအတူနေထိုင်လို့ရအောင်ကူညီပေးပါလို့တောင်းဆိုခဲ့သည်။ သူမရဲ့မိဘတွေကသူမကိုအတင်းဖိအားပေးနေသည်...သို့သော်သူမကဆူရွန်နှင့်လက်မထပ်ချင်ပေ။ ဆူရွန်အနေနဲ့ကလေးကိုပဲလိုအပ်တာမို့ သူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ကတိပေးခဲ့သည်။

I am a System30 (series1)Where stories live. Discover now