Arc-4.26(ညှိုး)

867 85 9
                                    

Unicode

ရူဂယ်သည်မီးအင်ပါယာ၏တတိယမြောက်ဧကရာဇ်ဖြစ်သည်။ အများကသူ့ကိုတစ်ဦးတည်းသောသားဟုထင်ကြပေမဲ့သူ့မှာသူ့မယ်တော်နှင့်အလွန်ဆင်သောညီငယ်လေးတစ်ဦးလည်းရှိသည်။ ထို့အပြင်စေ့စပ်ထားသည့်ကိုကိုတစ်ဦးလည်းရှိသည်။ ဒါပေမဲ့တစ်ခြားအမျိုးသမီးတစ်ယောက်နှင့်သာလက်ထပ်ပြီးသားတစ်ဦးရခဲ့သည်။

ရူဂယ်ကသူ့သားအပေါ်မချစ်မြတ်နိုးပေမဲ့သူ့ရှေ့မှာတင်ကြီးပြင်းလာသည်မို့သနားလည်းသနား၊သံယောဇဥ်လည်းရှိသည်။ ဒီသားတစ်ယောက်ရှိပြီမို့ထီးနန်းအတွက်လည်းမပူပင်ရတော့ချေ။ သားတော်ကိုထီးနန်းလွှဲပြီးရင်ညီတော်နှင့်အတူမယ်တော့်ကိုလိုက်ရှာမည်ဟုဆုံးဖြတ်ထားခဲ့သည်။ မယ်တော်ကခမည်းတော်မရှိတော့သည့်နေ့ထဲကပျောက်ဆုံးသွားသည်။ သစ်သားစွမ်းအားရှင်မို့စိုးရိမ်ရပေမဲ့အဘိုးတော်ကသူ့​မြေးအရင်းကိုတော့ထိခိုက်အောင်မလုပ်မည်မှာသေချာသည်။ ပြီးတော့ဒွိလိင်လည်းဖြစ်နေသည်မို့ အဖိုးတော်ထိမည်မဟုတ်လောက်ပေ။

ညီငယ်လေးကသူ့အတွက်တော့အားဆေးတစ်ခွက်ပင်။ သူဝမ်းနည်းနေချိန်ဆိုညီလေးကိုဖက်ငိုမည်။ စိတ်ဓာတ်ကျနေလျှင်လည်းဖက်မည်။ ပျော်နေလျှင်လည်းဖက်မည်။ ဒေါသထွက်နေရင်တောင်ညီငယ်ကိုဖက်လိုက်လျှင်စိတ်သက်သာရာရသည်။ အလုပ်မလုပ်ချင်တဲ့အခါဆိုရင်လည်းဖက်မည်...ဒါဆိုအလုပ်လုပ်ဖို့အားပိစိလေးရှိသွားသည်။

ဒါပေမဲ့သူ့ညီတော်မှာကိုယ်ဝန်ရှိနေပြီဟုစမ်းသပ်မိသည့်အခါမှာတော့ဒေါသတွေမိုးမွှန်သွား၏။... ကလေးအဖေဘယ်သူလဲဟုမေးတော့မဖြေပေ။ တားမြစ်နေရာကိုသူနှင့်သူ့သားဘဲလာတာမို့အခြားဘယ်သူမှန်းမခန့်မှန်းတတ်ပေ။ သူ့သားကိုမေးဖို့လိုက်ရှာသည့်အချိန်တွင်စစ်ပွဲသုံးဓားဖြင့်မြေကြီးကိုဘာလုပ်ဖို့တူးနေမှန်းမသိသည့်ဆူရွန်ကိုတွေ့လိုက်ရ၍မေးမိသွားသည်။

"တူတော်..."

"ဟမ်...ဦးရီး...လာလေဒီမှါပုရွက်ဆိတ်တွေအများကြီးပဲ...ကြည့်ဦး"
တစ်ခါတစ်လေမှသာရှေ့တန်းကပြန်လာပြီး ပြန်ရောက်လာလျှင်လည်းထူးထူးဆန်းဆန်းတွေလုပ်တတ်သည်။

I am a System30 (series1)Where stories live. Discover now