Arc-5.5(ခါမာလာ)

428 28 10
                                    


5.5

ပရီချနောက်စိတ်ချလက်ချလိုက်လာပြီး သာယာတဲ့တောရွာဘက်ကိုရောက်ရှိလာသည်။ ထိုရွာရှိ အိမ်လေးတစ်လုံးမှာပရီချကသူ့ကိုနေစေသည်။

ပရီချကနေ့တိုင်းအလုပ်ကိုသွားသည့်အခါအိမ်မှာသူတစ်ယောက်သာကျန်သည်။ ဒါဆိုသူကရေနွေးကြမ်းသောက်ရင်း အချစ်ဝတ္ထုလေးဖတ်ကာ ဇိမ်ခံနေတော့သည်။ ဒါကသူ့မူလဘဝတုန်းကအဖြစ်ချင်ဆုံးဆန္ဒတစ်ခုပဲ။

တစ်လတောင်ကြာပေမဲ့သူ့ကိုမည်သူမှလိုက်မရှာ။

ဘာလိုလိုနဲ့ကိုယ်ဝန်က၅လတောင်ရှိတော့မယ်။ OGတွေနဲ့လည်းမပြချင်ဘူး၊ သူ့ကိုထူးဆန်းနေသလိုမျိုးကြည့်တာထက် သူ့ကလေးကိုအဲ့လိုကြည့်မှာအကြည့်မခံနိုင်ဘူး။ ခုခေတ်အခြေအနေအရဆိုအမျိုးသားချင်းပေါင်းစည်းတာတောင် သဘောမတူတာ၊ ကလေးသာမွေးလာခဲ့ရင် ဒီ့ထက်ပိုဆိုးတာတောင်ဖြစ်နိုင်တယ်။

ဆေးခန်းပြဖို့တောင်ငြင်းဆန်နေတဲ့ခါမာလာကြောင့်ပရီချခေါင်းခဲနေရသည်။ နွန်းကသူလူလုံးထွက်ပြဖို့လိုပြီဟုပြောကာ ခါမာလာရှိရာကိုတန်းတန်းမတ်မတ်သွားပြီးတံခါးခေါက်လိုက်သည်။

"ဘယ်သူလဲ?"

အိမ်လေးထဲကနေ ချစ်စရာကောင်းတဲ့မျက်ဝန်းကိုပိုင်ဆိုင်ထားတဲ့ ကောင်လေးတစ်ယောက်ကတံခါးလာဖွင့်သည်။

"ကိုယ်ကမင်းရဲ့ဗိုက်ထဲက ကလေးအဖေပါ ကောင်လေး"
နွန်းကလက်ဖဝါးနုနုလေးနှစ်ဖက်ကိုဆွဲယူကာနမ်းလိုက်ပြီးပြောလိုက်၏။ ကျန်လက်တစ်ဖက်ကသွယ်သွယ်လျလျမဟုတ်တော့သောခါးကိုဖက်ထားလိုက်၏။

ပါးပြင်ကိုနမ်းကာ တင်ပါးကနေပင့်မချီလိုက်သည်။ ခါမာလာကထိုလူ့လက်ထဲကနေ ရုန်းသော်လည်းအရာမထင်။

"လွတ်.."

နွန်းကကောက်ကျစ်စွာပြုံးလိုက်ပြီး..."အိပ်ယာထဲရောက်ရင် လွတ်ပေးပါ့မယ်"

နွန်းကဒီအိမ်ကအရာအားလုံးဘယ်နေရာဘာရှိလဲဆိုတာသိနေတာကထူးဆန်းလှသည်။

အပေါ်ထပ်ကခါမာလာရဲ့အခန်းထဲကိုတင်ပါးကနေပင့်ချီရင်းဝင်ချသွားသည်။

I am a System30 (series1)Where stories live. Discover now