4.18(ညှိုး)

1.2K 163 9
                                    

Unicode

ဧကရာဇ်၏ရုံးခန်းထဲတွင်ဆူရွန်နှင့်ရွိုင်းနှစ်ဦးသာမျက်နှာချင်းဆိုင်ထိုင်နေကြသည်။ နှစ်ယောက်သားဘာကိုအကြိတ်အနယ်ဆွေးနွေးနေမှန်းမသိကြပေ။ ကလေးတစ်အုပ်လုံးကအင်ပါယာကျောင်းတော်ကိုသွားနေကြပြီမို့နန်းတော်မှာကလေးကြီးနှစ်ဦးသာကျန်တော့သည်။

"မင်းငါ့သားရဲ့ဟော်နယ်မျိုးရိုးကိုသုံး"

"ငါ့အတွက်ကတော့အဆင်ပြေပေမဲ့ ကလေးတွေအတွက်တော့အဆင်မပြေဘူး"
တွေးဆပြောလိုက်၏။

"အဲ့ဒါဆိုဘာဆက်လုပ်မှာလဲ"
သူတို့နှစ်ယောက်ဤအကြောင်းဆွေးနွေးနေသည်မှာအတော်ပင်ကြာနေပြီဖြစ်သည်။

"ငါ့နာမည်ကိုပဲသုံးလို့ရမလား ဥပမာ ဂျိတ်ဒ်ဆူရွန်...ရိုနာဆူရွန်...ဘယ်လိုသဘောရလဲ"

ရွိုင်းကတော့ဇွဲမလျော့..."ဟော်နယ်ထည့်ဦး"

"ကျေးဇူးတင်တယ်မလိုဘူး"

"ဟော်နယ်မျိုးရိုးသာထည့်ရင်မင်းရဲ့ကလေးတွေကတော်ဝင်မျိုးရိုးဖြစ်သွားလိမ့်မယ် ဒါဆိုဘိုးတော်ကြီးရဲ့မွန်နီခါမျိုးဆက်ကိုကြောက်စရာမလိုဘူး...လေ...အဲ့ဒါသိတယ်မလား...အဟမ့်"
ရိုးရိုးပြောမရတော့တော်ဝင်မျိုးရိုးနဲ့ကိုင်ပေါက်ပြီးမြူဆွယ်လိုက်သည်။

"မင်းကယုံကြည်ရလို့လား"

အရှိုက်တည့်တည့်ထိသွားလေပြီ။
"မင်းးး"

ဆူရွန်ကရုတ်တရက်မေးလာ၏။
"ရွိုင်း မင်းသစ်သားမျိုးနွယ်စုအကြောင်းသိတယ်မလား? ဘာကြောင့်ပျက်ဆီးခဲ့ရတယ်ဆိုတာကို"

ရွိုင်း၌ပြောင်စပ်စပ်မျက်နှာအစားလေးနက်သည့်အမူအရာတို့ဝင်ရောက်လာသည်။
"ဘာဖြစ်လို့သိချင်တာလဲ"

ဆူရွန်ကတော့ရွိုင်း၏စိတ်ဝိဉာဥ်ကိုထိုးဖောက်မတတ်စိုက်ကြည့်နေသည်။
'missionလေ...pointတွေရမှာသိလား..သိလား'
<"အရူး">

"ကောင်းပြီလေ..."ဟုပြောပြီးရွိုင်းရှေ့၌လက်ဖဝါးဖြန့်လိုက်သည်။ ပန်းပွင့်လေးတစ်ပွင့်ကဆူရွန်၏အရေပြားမှထိုးဖောက်ကာပွင့်လန်းလာသည်။

ရွိုင်းကလက်ခုပ်တီးလျက်..."မျက်လှည့်ပညာဘယ်တုန်းကသင်လိုက်တာတုန်း...မိုက်တယ်ကွ"

I am a System30 (series1)Where stories live. Discover now