Arc-4.30(ဆူရွန်)

622 67 7
                                    

4.30

ဘရောင်းပင်ပန်းသည့်အရှိန်နှင့်၁ရက်ခွဲခန့်အိပ်ပျော်နေသည်။ အမွှာညီကို၂ယောက်ကလည်းတကြည့်ကြည့်ဖြင့်အမဲပင်မလိုက်တော့ဘဲစောင့်ကြည့်နေသည်။

ဘရောင်းနိုးလာသည့်အခါသူ့ကိုကြည့်နေသည့်အစိမ်းရောင်တစ်ဖက်အဝါရောင်တစ်ဖက်ရှိတဲ့မျက်ဝန်းတစ်စုံကြောင့်လန့်ကာအတင်းရုန်းပေမဲ့သူကစောင်နဲ့အထုပ်ခံထားရသည်။

ထိုအခါဘယ်ဖက်မျက်လုံးအစိမ်းရောင်ရှိသူက..."ဒွိလိင်လေးအဲ့လောက်သိပ်မရုန်းပါနဲ့ အကိုတို့ကမင်းကိုမထိခိုက်စေရပါဘူး"

ဘရောင်းမယုံပေမဲ့ငြိမ်ငြိမ်လေးနေလိုက်သည်။

ညာဘက်မျက်လုံးအစိမ်းရောင်ရှိတဲ့သူက..."မင်းအဝတ်တွေကအပြင်မှာသွားယူပေးမယ်"

သူတို့နဲ့အတူဘရောင်းဆယ်ရက်လောက်အတူနေရင်းအသားကျလာ၏။ ညဘက်ဆို၃ယောက်သားအတူအိပ်ပြီးနေ့ဘက်ဆိုအတူတကွအမဲလိုက်ထွက်ကြသည်။ စကားမပြောနိုင်သည့်သူမို့သူတို့၂ယောက်အသနားပိုရလေသည်။

ဒွိလိင်ကရေမချိုးပဲအိပ်သည်ကိုမကြိုက်တာမို့အိပ်ယာဝင်ကာနီးတိုင်းအမြဲရေချိုးကြသည်။ ရေချိုးတိုင်းလည်းသတိလက်လွတ်နေတတ်လွန်းသည့်ဒွိလိင်ကြောင့်သူတို့၂ယောက်၏သမာဓိကိုစမ်းသပ်နေသလိုပင်။ အရမ်းငယ်သေးတာသည့်အပြင်အားနည်းသည့်ကလေးကိုအခွင့်ကောင်းမယူချင်ကြပေ။ ဒွိလိင်လေးရဲ့ဝတ်စုံကတစ်ခုသာရှိသည်မို့နောက်နေ့တွင်အဝတ်အစားအနည်းငယ်ဝယ်ပေးဖို့မြေအင်ပါယာ၏မြို့တစ်မြို့သို့သွားဖို့ဆုံးဖြတ်လိုက်သည်။

မြို့ကိုသွားမဲ့မနက်မှာချစ်စရာဒွိလိင်လေးရဲ့မျက်လုံးကိုမည်သူမှမမြင်စေရန်မျက်စိနှစ်ဖက်ကိုပုဝါပါးလေးအုပ်ကာခမောက်ကိုဆောင်းစေသည်။ သူတို့ရဲ့အစိမ်းရောင်မျက်ဝန်းတစ်ဖက်စီကိုပိတ်စဖြင့်ဖုံးကာ ဒွိလိင်လေးကိုလက်ဆွဲ၍မြို့တက်လာခဲ့သည်။

မြို့ရောက်တဲ့အချိန်မှာဆုကြေးငွေကိစ္စကဟိုးလေးတကျော်ပင်။ ကြေငြာချက်ထဲကအချက်နဲ့သူတို့နားရှိကလေးငယ်ကအကုန်နီးပါးကိုက်ညီနေသည်။ မီးအင်ပါယာ၏လွှမ်းမိုးနိုင်စွမ်းကြောင့်အင်ပါယာမတူရင်တောင်မျက်နှာလိုမျက်နှာရလုပ်ကြမည်မှာအမှန်ပင်။ ဒါမို့ရောင်းချစရာများကိုခပ်သွက်သွက်ရောင်းချကာ ဒွိလိင်လေးအဖို့အဝတ်တွေနဲ့မုန့်အနည်းငယ်ဝယ်ကာသူတို့နေထိုင်ရာအမြန်ပြန်ကြသည်။

I am a System30 (series1)Where stories live. Discover now