Arc-3.19(ညှိုး)

1.9K 243 8
                                    

Unicode

တိတ်ဆိတ်မှောင်မဲပြီးကျဥ်းမြောင်းတဲ့လမ်းထဲမှာအနီရေင်ဝတ်စုံဖြင့်ကောင်လေးကဖြေးဖြေးမှန်မှန်လျောက်နေသည်။
အရမ်းအေးစိမ့်ပြီးခြောက်ခြားစရာကောင်းတဲ့အခြေအနေကိုလုံးဝဂရုမစိုက်သည့်အလားပင်...

'30ဟုတ်ရောဟုတ်ရဲ့လား'

<"ဟုတ်ပါတယ်ဆို ဒါအလကားမဟုတ်ဘူး ပန်းနတ်မင်းဆီကဓားပြတိုက်လာတာ...">

'အဲ့လိုလား'...

<"ဟိုတစ်ခါpointအညာမိသွားလို့လေ...">

'ဘယ်တုန်းကလဲ...'

<"တနေ့ညက...">

'ဘယ်လို...'

<"အားး ခနလေးရောက်တော့မယ်">

စကားလမ်းကြောင်းမြန်မြန်လွှဲရသည်။ မဟုတ်ရင်စစ်မေးလို့ဒုက္ခ...

30ကကိုယ့်ဘက်ကမှန်သ၍မည်သူ့ကိုမဆိုပြန်ခံပြောရဲ၊အနိုင်ကျင့်ရဲသည်။ မိမိကတခုခုမဟုတ်တာလုပ်ထားရင်တော့အိုးမလုံအုံပွင့်နည်းနည်းလေးကြောက်တတ်သည်။

မြေပုံကိုကြည့်ရင်းတဖြည်းဖြည်းရှေ့တိုးလာသည်။ မြေပုံမှာပြနေတဲ့လမ်းကြောင်းကထွက်ပေါက်ရောက်ရန်အရှေ့သို့နှစ်ဖာလုံခန့်ကျန်နေသေးသည်။ တစ်ဖာလုံကျော်ကျော်သွားပြီးနောက်အလင်းစက်လေးတစ်စက်ကိုတွေ့လိုက်ရသည်။

<"hostရေ ဟိုမှာထွက်ပေါက်ပဲ...">

'ဘယ်မှာလဲ...'

<"ဟိုမှာလေပြူးနေတာပဲ...">

'အဲ့ဒီအလင်းစက်သေးသေးလေးလား...'

<"သွားစရာရှိတာမြန်မြန်သွား ဗိုက်ဆာနေပြီမလား">

ပြန်ဖြေဖော်တောင်မရတော့ဘဲအပြေးတစ်ပိုင်းဖြင့်ထိုနေရာကိုပြေးသွားပေသည်။

ထိုအပေါက်ကလူတစ်ယောက်တွားသွားလို့ပဲရသည်။ ၅နှစ်ကလေးအရပ်လောက်တောင်မရှိပေ။

Hostကခန္ဓာကိုယ်သေးသွယ်တော့သာသာလေးထွက်လို့ရသည်။

အပြင်ရောက်တော့ပတ်ဝန်းကျင်ကမြေအောက်လှိုဏ်ဂူထဲရောက်နေသည့်ပုံပေါ်သည်။ စမ်းချောင်းသေးသေးလေးတစ်ခုကစီးဆင်းနေသည်။

I am a System30 (series1)Where stories live. Discover now