Arc-3.16(ညှိုး)

2.3K 250 6
                                    

Unicode

"အဲ့ဒီကနေထွက်လာသင့်ပြီလို့မထင်ဘူးလား ရှောင်လော့"

အသံအဆုံးမှာတော့အနီရောင်ဝတ်စုံနဲ့ကောင်လေးကတံခါးရွက်ကြားကနေကပ်သီးကပ်သပ်ထွက်လာသည်။ ရုပ်ကချောသလောက်သိပ်ကြပ်မပြည့်ချင်ပေ။

ကိုယ်ကဘာမှပင်မမေးရသေး ထွက်လာထဲကလက်အမူအယာအမျိုးမျိုးဖြင့်သူ့အမှားမရှိကြောင်းပြောနေသည်။ အမြဲတမ်းဆင်ခြေဆင်လက်နဲ့။ ဒါပေမဲ့အရမ်းချစ်ဖို့ကောင်းသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကိုယ်ကဘာမှပင်မမေးရသေး ထွက်လာထဲကလက်အမူအယာအမျိုးမျိုးဖြင့်သူ့အမှားမရှိကြောင်းပြောနေသည်။ အမြဲတမ်းဆင်ခြေဆင်လက်နဲ့။ ဒါပေမဲ့အရမ်းချစ်ဖို့ကောင်းသည်။

လက်အမူအယာနဲ့စကားပြောပုံကိုကျင်းဟွမ်ထံကနေသင်ထားတဲ့အတွက်ကောင်လေးပြောတာနားလည်သည်။ ကောင်လေးပြောတာက...
×ကျွန်တော်မတော်တဆလာရင်းနဲ့တံခါးညှပ်သွားတာပါ×တဲ့။
လုံးဝယုတ္တိမရှိတဲ့အပြောတွေ...ဒါပေမဲ့လည်းယုံပေးလိုက်ပါ့မယ်။

"ဒါဆိုတံခါးကတော်တော်ဆိုးတာပေါ့နော်..."

ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြကာထပ်ပြီး...×နာနာလေးအပြစ်ပေးနော်×ဆိုပြီးဆူပုတ်ပုတ်ဖြင့်လက်အမူအယာလုပ်ပြသည်။

တစ်ခါတစ်လေဒီကောင်လေးကြပ်မှပြည့်ရဲ့လားဟုသံသယပင်ဝင်မိသည်။ ကောင်လေးကနတ်သားဆိုတာသိတဲ့အတွက်စွမ်းရည်ဘယ်လောက်ထိရှိလည်းသိချင်သည့်အတွက်အမျိုးမျိုးစမ်းသပ်သည်။ သို့ပေမဲ့ကောင်လေးကလုပ်ချင်ရာလုပ်သောကြောင့်သိချင်သည်ကိုမသိရချေ။ မြက်ရှင်းခိုင်းတာကိုတစ်ပင်ခြင်းထိုင်နှုတ်နေသည်။ ရိုးရိုးနတ်သူငယ်တောင်လက်တစ်ဖက်ရမ်းယုံဖြင့်မြက်တွေအကုန်ရှင်းနိုင်သည်။ ဂါထာပင်ရွတ်စရာမလိုအပ်။ ကောင်လေးကနတ်သခင်အဆင့်ရောက်ကာနီးနတ်သားတစ်ယောက်ဖြစ်ပေမဲ့မြက်တွေကိုတစ်ပင်ချင်းထိုင်နှုတ်နေတာကြားလို့မှမကောင်း....ဒါပေမဲ့အဲ့လိုအူတူတူလေးကပဲချစ်ဖို့ကောင်းပေသည်။

I am a System30 (series1)Where stories live. Discover now