Arc-5.3(ခါမာလာ)

556 43 6
                                    

5.3

"ဝေးးးးချ..."

"လှဲသိပ်ပစ်ကွ"

ဆူညံပွက်လောရိုက်နေသည့်နေရာက နဘမ်းပွဲတစ်ခုကျင်းပသည့်နေရာဖြစ်သည်။

ခါမာလာကအလုအယက်ပွဲကြည့်သူတွေနဲ့ခပ်လှမ်းလှမ်းမှာထိုင်ရင်းပွဲစဥ်ကိုကြည့်နေသည်။

စင်ပေါ်မှာနဘမ်းသတ်နေသည့် ပရီချကတော့သူ့ကိုယ်သူလျှို့ဝှက်အဖွဲ့ဝင်ဆိုတာမေ့နေဟန်ဖြင့်ပျော်ပျော်ကြီးနဘမ်းသတ်နေ၏။ ရှုံးပွဲမရှိသောပရီချ၏စွမ်းရည်ကြောင့်ဤ၃လအတွင်းပရီချကဤနေရာတွင်နာမည်ကြီးလာသည်။

ခါမာလာက ပရီချ၏စိတ်ချပါ ဆိုတဲ့စကားကိုမယုံမိတဲ့သူ့ကိုယ်သူချီးမွမ်းမိသည်။ ပရီချကိုယုံတဲ့သူကအရူးပဲရှိမယ်။ အမှုကိုလာစုံစမ်းခိုင်းတာကို မစုံစမ်းပဲ အပျော်လာရှာနေသည်လေ။

'ဦးကဘာကိုကြည့်ပြီးသူ့ကိုလွှဲလိုက်ရတာပါလိမ့်'

ဒီနေ့စိတ်ထဲမှာတစ်ခုခုထင့်နေ၍ ဒီနေ့ရုံးစောဆင်းပေမဲ့ အိမ်မပြန်တော့ဘဲဤနေရာလိုက်လာမိသည်မှာမှန်သွားပုံပင်။ ပရီချနဲ့အခြားတစ်ယောက်ကိုလက်တွဲပေးမှရလိမ့်မည်။

30နဲ့မတွေ့ရသေးပေမဲ့ ၃လလောက်အလုပ်လုပ်ပြီးနောက်မှာတော့ သူ့ရဲ့စွမ်းဆောင်ရည်ကတိုးတက်လာသည်။ မူလပိုင်ရှင်ရဲ့အရည်အသွေးကြောင့်စုံစမ်းတဲ့နေရာမှာအသာလေးလုပ်ဆောင်နိုင်၏။

တစ်နေ့တစ်နေ့အစားအသကုန်ကျွေးတဲ့ ဦးနဲ့နေရတာများလို့လားမသိဘူး ဝတောင်ဝလါတယ်။

ခုတလော ဦးကအပြင်မကြာမကြာသွားနေရသည်။ သူတစ်ဦးထဲအိမ်မှာကျန်ခဲ့တယ်။ တစ်ခါတစ်ခါအမွှာ၂ယောက်နဲ့ဆုံပေမဲ့ ဖော်ဖော်ရွေရွေတော့မရှိလှပေ။ ဦးရဲ့တောင်းဆိုမှုကိုအကြိမ်ကြိမ်ငြင်းမိ၍စိတ်မကောင်းလည်းဖြစ်မိသည်။ ဒါပေမဲ့ခန္ဓာပိုင်ရှင်ရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ဖြစ်လိမ့်မည်။

"အကိုမာ ကျွန်တော်လန်းတယ်မလား"

ပရီချကတော့မြောက်ကြွကြွဖြင့်အနားရောက်လာကာ ခွေးပေါက်လေးလိုချီးကျူးခံရန်စောင့်နေသည်။

I am a System30 (series1)Where stories live. Discover now