Arc-2.10(ညှိုး)

2.9K 366 18
                                    

Unicode

10နှစ်ခန့်ကြာသောအခါ

"ကိုကိုရေ...ကိုကို" Blessပြောစရာရှိ၍ တစ်အိမ်လုံးပတ်ပြီးရှာသော်လည်း အရိပ်အယောင်ပင်မမြင်ချေ။ အိမ်၌မရှိလျှင်တစ်နေရာ၌ရှိနေမည်မှာသေချာပေသည်။ ထို့ကြောင့်အိမ်နောက်ဘက်မှထွက်ကာတစ်နေရာအရောက်...

"ကိုကို...~ဘယ်လိုတွေဖြစ်နေတာတုန်း"

"အား...ညီမလေးပါလား"

စပျစ်ခြံထဲမှာစပျစ်သီးတွေကိုဂရုမစိုက်ပဲ...မြေကြီးပေါ်မှာမှောက်ခုံကြီးဖြစ်နေပြီးတစ်ခုခုကိုအသည်းအသန်ချောင်းနေတဲ့ လင်းရောင်...

ကြံရာပါအဖြစ်Blessကိုပါဆွဲသွင်းမည့်အကြည့်ဖြင့်ကြည့်နေပေသည်။

"ဟီးဟီး Bless လာဦး"

"ဘာလဲဘာလဲ"

နှစ်ယောက်သားအနေကြာလာတော့အရင်ကထက်အဆပေါင်းများစွာပို၍ရင်းနှီးလာပေသည်။ အထူးသဖြင့်Blessကလင်းရောင်ကိုဆို တတွတ်တွတ်နှင့်ကလေး10ယောက်အမေကဲ့သို့အမြဲဆုံးမသည်။ လင်းရောင်ကလည်းရှေ့မှာတော့ခေါင်းငြိမ့်ပြီးနောက်မှာတလွဲလုပ်သည်။ ပြီးရင်Blessပဲအရှုံးပေးရတာအမြဲ....

"ဒီမှါကြည့်လိုက်ဦး"ဆိုပြီးတွင်း​စပျစ်ပင်ခြေရင်းကတစ်တွင်းကိုလက်ညှိုးထိုးပြလေသည်။

"ဘာမို့လို့တုန်း"

"ကြည့်ဆိုကြည့်ပေါ့"

မြေတွင်းထဲကိုငုံ့ကြည့်လိုက်ရာ ဝမ်းဗိုက်ဖြူဖြူကိုတွေ့ရသည်။ ထို့ကြောင့်...
"ဒါဘာကြီးလဲ..."

"ရှူးတိုးတိုး...ကိုကို့ကိုကူဖမ်းပေးနော်"

"မဖမ်းပေးပါဘူး"

"ချစ်ညီမလေးရေ...နော်...နော်လို့"
အရမ်းသနားကမားရုပ်ဖမ်းနေတဲ့ တစ်ဦးတည်းသောအကိုကြောင့်တင်းထားတဲ့စိတ်ပင်လျော့သွားရသည်။ အဲ့လိုလုပ်ရင်အရမ်းချစ်ဖို့ကောင်းတာကိုမသိဘူးလားကွယ်။

"ကောင်းပြီဘယ်လိုဖမ်းရမလဲပြောပြော"

"ဟီးဟီးငါ့ညီမကလည်းလိမ္မာမှပေါ့..."ဟူ၍ချက်ချင်းအချိုးပြောင်းသွားတဲ့အကိုဖြစ်သူကြောင့် ခြေရောလက်ရောမြောက်ရသည်။

I am a System30 (series1)Where stories live. Discover now