Arc-4.21(ညှိုး)

1K 101 10
                                    

Unicode

ဆူရွန်နှင့်ရွိုင်းတို့သူငယ်ချင်းနှစ်ဦးနေရာပြောင်းအစီအရင်ဖြင့်မီးအင်ပါယာနယ်စပ်သို့ယနေ့မနက်ထွက်ခွါလာခဲ့သည်။ ပိုင်ရှင်မဲ့နယ်မြေ၌မှော်ပညာ၊စွမ်းအင်နှင့်မန္တျန်းများကိုပစ်စလက်ခတ်အသုံးပြုခြင်းကရိုင်းစိုင်းရာကျ၏။ အများစုကလည်းမှော်၊မန္တျန်းကျွမ်းကျင်ကြပေမဲ့အသုံးမပြုဘဲသာမာန်အတိုင်းသာနေကြလေ၏။ မိုင်၅၀၀၀နီးပါးရှည်လျားကျယ်ဝန်းသောပိုင်ရှင်မဲ့နယ်မြေ၌လူရှာရသည်မှာကောက်ရိုးပုံထဲကအပ်ရှာသလိုပင်။

ဤနေရာမှသူများကဘာစွမ်းအင်မှမရှိကြသော်လည်းသူတို့တိုက်ခိုက်နိုင်စွမ်းကစွမ်းအင်ရှိသူများနှင့်ပင်ယှဥ်နိုင်သည်။ ရှားပါးသောသူများမို့ မှော်၊မန္တျန်းကလည်းအားလုံးထက်သာလွန်ကာထူးချွန်လွန်းကြ၏။ သို့ပေမဲ့သူတို့ကဤပိုင်ရှင်မဲ့နယ်မြေအပြင်သို့မထွက်ကြပေ။ ထွက်ကြသူများလည်းရှိပေမဲ့ရေတွက်၍ရသည်။ ပိုင်ရှင်မဲ့နယ်မြေသည် နယ်စပ်တစ်နေရာတိုင်း၌တစ်ခုရှိသည်။ မီးနှင့်ရေနယ်စပ်၌တစ်ခု၊ ရေနှင့်လေနယ်စပ်၌တစ်ခု၊ လေနှင့်မြေနယ်စပ်၌တစ်ခု၊ မြေနှင့်သစ်သားနယ်စပ်၌တစ်ခု၊ ​သစ်သားနှင့်မီးနယ်စပ်၌တွင်တော့အရင်ချိန်တုန်းကရှိပေမဲ့လက်ရှိတွင်ရှာမတွေ့ပေ။ မီးအင်ပါယာကအခြားအင်ပါယာ၄ခုစလုံးနှင့်ထိစပ်နေပေမဲ့ ရေနှင့်သစ်သားနယ်စပ်၌သာပိုင်ရှင်မဲ့နယ်မြေတည်ရှိ၏။ သစ်သားနယ်မြေ၏ပိုင်ရှင်မဲ့နယ်မြေကတော့လွန်ခဲ့တဲ့နှစ်တွေထဲကပျောက်ဆုံးသွားသည်။

ရွိုင်းနှင့်ဆူရွန်တို့နှစ်ဦးသားကံကြမ္မာ၏မျက်နှာသာပေးမှုကြောင့်သုံးရက်မြောက်မနက်၌ဖော်ရွေတတ်သည့်လူမဟုတ်သောလူနှစ်ဦးနှင့်ဆုံကာအကဲဖြတ်ဒိုင်ဖြစ်သွားရ၏။

လက်ရှိတွင်တော့နှစ်ဦးသားသစ်လုံးဖြင့်အလှဆင်ထားသည့်ထိုင်ခုံလေးပေါ်ကုပ်ကုပ်လေးထိုင်ကာ အရှေ့စားပွဲရှိခင်းချထားသောအစားအသောက်များအားမစားနိုင်ဘဲ နပန်းလုံးနေသည့်ခဲရောင်ဝံပုလွေနှစ်ကောင်ကိုသာကြောင်အစွာကြည့်နေမိသည်။ ညနေတောင်စောင်းနေပြီ ယှဥ်၍မပြီးသေးချေ။

I am a System30 (series1)Where stories live. Discover now