Arc-4.5(ညှိုး)

1.7K 219 4
                                    

Unicode

ဒီနေ့ထမင်းစားခန်းရဲ့အခြေအနေကတင်းမာနေပေသည်။ မင်းသား7ယောက်ကလည်းမနေ့ကမှနူးညံ့လာတဲ့သူတို့ဖခင်ကဒီမနက်မှာဒေါသတွေထွက်နေတာကိုခံစားမိတဲ့အတွက်ဘယ်လိုသဟဇာတဖြစ်အောင်လုပ်ရမလဲမသိချေ။

မိုရှာထာ ရူဘတ် လာရွန့်နှင့်အင်ဒရူးက နယ်စား၏မျက်နှာချင်းဆိုင်အခန်းလေးခန်းသို့ရွေ့ပြောင်းလာသည့်အပြင် ထမင်းစားခန်းထဲတွင်လည်းနယ်စားမကြိုက်မှန်းသိလို့အင်ဒရူးကိုနယ်စားတိုက်ရိုက်တွေ့နိုင်သည့်မျက်နှာချင်းဆိုင်တွင်ထိုင်ခိုင်းထားပေသည်။

ခြေမကိုင်မိလက်မကိုင်ဖြစ်နေတာကဂျိတ်ဒ် တစ်ဖက်ကလည်းဖခင် တစ်ဖက်ကလည်းသူအနှစ်သက်ဆုံးသူ...
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပေ။

"ဖေ....ဖေ"
တင်းမာနေတဲ့လေထုကိုဖြိုခွဲလိုက်သည်ကဝိုင်အိုလက်လေးပင်။

နယ်စားကြီး၏တင်းမာနေတဲ့မျက်နှာကချက်ချင်း​ပျော့​ပျောင်းသွားပြီးဝိုင်အိုလက်လေးကိုငုံကြည့်လိုက်သည်။ ဝိုင်အိုလက်ကိုသီးသန့်ထိုင်ခုံပေါ်မှာမထိုင်ခိုင်းစေဘဲသူ့ပေါင်ပေါ်မှာထဲနေစေသည်။

"ဘာယူချင်လို့လဲ...ဆွိတီ"

ဝိုင်အိုလက်လေးကအမဲနံရိုးကင်ကိုလက်ညှိုးထိုးပြီး; "အသား...အသား...စား .."

အစေခံတွေကနံရိုးပန်းကန်ကိုနယ်စားအရှေ့သို့ရွေ့ပေးလိုက်သည်။ အမဲနံရိုးကိုလှီးဖြတ်လိုက်ပြီးခရင်းဖြင့်ဝိုင်အိုလက်လေးကိုပေးလိုက်ပေမဲ့သူမလေးကလက်ဖြင့်အသားတုံးတွေကိုယူစားလေသည်။

မိုရှာထာတို့3ယောက်ကရင်းနှီးပြီးသားဖြစ်၍ဘာအမူအရာမှမပြပေမဲ့ မင်းသား7
ယောက်ကဖခင်ကသူမလေးကိုဆူမှာစိုး၍ ဒါဟာမယဥ်ကျေးတဲ့အပြုအမူလို့ပြောချင်နေကြသည်။ သို့ပေမဲ့ဖခင်ကတောင်ဘာမှမပြောတော့သူတို့လည်းတစ်ခွန်းမှမဟပေ။

ဆူရွန်က;
"သားတော်တို့လည်းစိတ်ရှိသလိုစားနိုင်တယ် ဒါကမိသားစုထမင်းဝိုင်းပဲ ယဥ်ကျေးမှုတွေမလိုအပ်ဘူး"

အားလုံးကကြောင်အကာတည်ငြိမ်သွားပေမဲ့နိုရာဆိုသည့်တစ်ယောက်က;
"ခမည်း...အာ...ဖေဖေ တကယ်ကြီးပြောတာလား...ဒါအိပ်မက်မဟုတ်ပါဘူးနော် အိ.."

I am a System30 (series1)Where stories live. Discover now