arc-3.23(ညှိုး)

1.8K 239 4
                                    

Unicode

ကျူးယဲ့နန်းတော်တွင်းနှင့်မြို့တော်မှာရှိသည့်သူအားလုံးကိုအိပ်ငွေ့ချလိုက်သည်။ အားလုံးရဲ့အိပ်မက်ထဲကိုတိတ်တဆိတ်ချဥ်းကပ်ပြီးအမတ်ချုပ်ကြီးထံမှယူဆောင်လာသည့်မှတ်ဉာဏ်များကိုဖြန့်ဝေပြစ်လိုက်သည်။ အမတ်ချုပ်ကြီးရဲ့လျှို့ဝှက်ချက်တွေကိုအားလုံးသိစေရမယ်...

မနက်ရောက်တော့မြို့တော်မှာရှိတဲ့လူတွေအားလုံးကအကြောင်းအရာတစ်ခုထဲကိုပဲဆွေးနွေးနေကြသည်။ တစ်မြို့လုံးနီးပါးအိပ်မက်တစ်ခုတည်းသာမက်ကြသည်။တစ်ယောက်နှစ်ယောက်ဆိုဒါကလုပ်ဇာတ်ဟုထင်နိုင်ပေမဲ့ ရှိသမျှသူအကုန်ဒီအိပ်မက်ကိုမက်ကြတာမို့....

အိပ်မက်ထဲကအဖြစ်အပျက်တွေကတစ်ကြိမ်ထက်ပိုမပြောချင်လောက်အောင်ရက်စက်ကြသည်။

အမတ်ချုပ်ကြီး၏အိမ်တော်၌....

"အဖေ...ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ..."

"သခင်ကြီး...ကျွန်မလည်းအဲ့အိပ်မက်ကိုမက်တယ်..."

"အခုချက်ချင်းထွက်သွား"
မိုးလင်ထဲကသူ့ကိုပွစိပွစိပြောနေတဲ့သားနှင့်ဇနီးကိုအော်ထုတ်လိုက်ပြီးလျှို့ဝှက်ကိုယ်ရံတော်ကိုခေါ်ကာစုံစမ်းခိုင်းသည်တို့ကိုလျှောက်တင်စေသည်။

လျှို့ဝှက်ကိုယ်ရံတော်ရဲ့လျောက်တင်ချက်တွေကိုနားထောင်ပြီးနောက်လက်ထဲကရေနွေးကြမ်းခွက်ကိုနံရံသို့ပစ်ပေါက်လိုက်သည်။

~တောက်~

"ဒါဘယ်လိုဖြစ်ရတာလဲ..."

ကိုယ်ရံတော်ကဒူးထောက်ရင်း..."အရှင်ကျွန်တော်မျိုး မပြောတတ်ပါဘူး...သူတို့အိပ်မက်ထဲကအချက်အလက်တွေကအဲ့ဒါတွေနဲ့တူနေပါတယ်"

"မင်းရောအဲ့ဒီအိပ်မက်မက်လား"

"မမက်ပါဘူးအရှင်"

"ဒါဘယ်လိုဖြစ်ရတာလဲ..."

အဖြေထုတ်လို့မရသည့်အဆုံးနတ်နန်းရှိသူငယ်ချင်းဖြစ်သူထံထွက်လာခဲ့သည်။ လမ်းတစ်လျှောက်မှာအဆင့်အတန်းအမျိုးမျိုးသောလူတွေကသူ့ကိုကွက်ကြည့်ကွက်ကြည့်ဖြစ်နေကြသည်။ ရထားလုံးဖြင့်လာခဲ့မိ၍တော်သေးသည်။

I am a System30 (series1)Where stories live. Discover now