Arc-3.12( ညှိုး)

2.2K 271 4
                                    

Unicode

"မင်း...ဘယ်သူလဲ ကောင်လေး"

.........

သူ့ပိုင်နက်ကိုအခက်အခဲမရှိကျော်ဖြတ်လာပြီး သူ့တန်ဖိုးထားရတဲ့စပျစ်သီးတွေကိုအားရပါးရခိုးစားနေတဲ့ကောင်လေးတစ်ယောက်...နည်းနည်းကြောက်သွားအောင် အေးစက်စက်ဖိအားပေးထုတ်လွှတ်လိုက်တာတောင် အစားကိုကုန်အောင်စားပြီးမှသူ့ကိုလှည့်ကြည့်လာလေသည်။

တော်တော်အကြောတင်းလှတဲ့ကောင်လေးကသာမာန်လူလည်းမဟုတ် ကျင့်ကြံသူလည်းမဟုတ်ချေ။ နတ်သားတစ်ပါးသာဖြစ်ပေသည်။ နတ်သားမို့လို့သူ့ဖိအားကိုခံနိုင်ခြင်းဖြစ်လေသည်။

စားပြီးမှသူ့ကိုလှည့်ကြည့်လာတဲ့ကောင်လေးကအရမ်းချောတော့လက်ခံပေသည်။ ကောင်လေးကိုမြင်မြင်ခြင်း သူ့နှလုံးသားတစ်ခုလုံးခုန်ပေါက်သွားတာကထူးဆန်းပေသည်။

'အိုမိုအရမ်းခန့်ညားတဲ့သူပါလား'ဟူသောကောင်လေး၏စိတ်ထဲမှညည်းတွားသံကိုသူသေသေချာချာကိုကြားနေရသည်။ သူ့နားကြားမှားတာလားဟုပင်ထင်နေမိသည်။ ကောင်လေးစိတ်ထဲကသူ့ဘာသာပြောနေတဲ့အသံဆိုတာတော့သေချာပေသည်။ သူကတစ်ခါတစ်လေကြရင်အခြားသူရဲ့စိတ်ထဲကအတွေးတွေကိုကြားသိနိုင်ပေသည်။ အမြဲတမ်းတော့မဟုတ်ပေ။

သူမွေးကတည်းကလူအများရဲ့ချီးမြောက်ခြင်းခံခဲ့ရသည်။ မြောက်ပင့်ခြင်းခံခဲ့ရသည်။ အမျိုးသမီးထုတွေရဲ့အမျိုးမျိုးသောချီးမွမ်းစကားများကိုကြားခဲ့ရပေမဲ့ သူ့ကိုဘယ်လိုမှမခံစားစေခဲ့ပေ။ သို့သော်ကောင်လေးတစ်ယောက်ရဲ့စိတ်ထဲကအတွေးကိုကြားနေရပြီးပါးစပ်ကပင်ထုတ်မပြောတဲ့ချီးမွမ်းစကားကြောင့် ပါးပြင်နှစ်ဖက်ပူတက်လာပြီး နေရထိုင်ရတာအဆင်မပြေဖြစ်လာလေသည်။

ချောင်းအသာဟန့်ကာခြိမ်းခြောက်မည့်စကားပြောကာမှအလွဲလွဲအချော်ချော်ဖြစ်သွားပေသည်။ ခါတိုင်းပြောနေကြခပ်မာမာအသံနှင့်ခြားနားစွာနူးနူးညံ့ညံ့အသံလေးဖြင့်
"မင်း...ဘယ်သူလဲ ကောင်လေး"ဟုမေးမိသွားသည်။

ကောင်လေးကသူ့ကိုတစ်အောင့်လောက်ကြောင်ကြည့်နေပြီးမှ လှုပ်လှုပ်ရှားရှားဖြစ်လာကာ လက်နှစ်ဖြင့်အမူအယာများစွာလုပ်ပြနေသည်။ ခက်တာကဘာပြောနေမှန်းသူမသိချေ။

I am a System30 (series1)Where stories live. Discover now