New Year

587 65 8
                                    

New year Meeting

Spoiler သေးသေးပါသည်။

main couple->
တိုက်ခိုက်ရေးနတ်ဘုရား+ညှိုး

Arc1-ဟင်နရီရေဒါ+ဂျက်စတင်းဆင်ဘာ

Arc2-အောင်မြင်သူ/လေပြေငယ်+ဝဏလင်းရောင်

Arc3-ဆွေ့ဟောင်ဒါ့+ဟွားလော့

Arc4-ဘရိုက်ဟော်နယ်+ဆူရွန်ဟော်နယ်

---------

စားသောက်စရာမျိုးစုံအစီအရီတည်ခင်းထားသောမြက်ခင်းပြင်ပေါ်၌အတွဲအသီးသီးဟာနေရာယူထားကြသည်။ ပျော်ပွဲစားထွက်ဟန်ရသောသူတို့ကြားထဲတွင်ယောင်လည်လည်ဖြစ်နေသူနှစ်ဦးလည်းရှိ၏။

ညစ်ကျယ်ကျယ်အပြုံးဖြင့်ဟင်နရီရေဒါကဂျက်စတင်းဆင်ဘာကိုတစ်ကိုယ်လုံးသိုင်းဖက်ကာလက်ကလည်းအဝတ်တွင်းဝင်ရောက်ကာပွတ်သပ်နေပေသည်။ ဂျက်စတင်းကဘာမှမပြောဘဲသူကြိုက်သည့်စပျစ်ဝိုင်ကိုသာမှိန့်မှိန့်ကြီးထိုင်သောက်နေသည်။ သို့ပေမဲ့တစ်ချက်တစ်ချက်နယ်ကျော်ကျော်လာသည့်လက်နှစ်ဖက်ကိုသေးသေးလေးဆွဲဆိတ်လိုက်သည်။

"ဦးးးအပေါ်ရောက်လွန်းနေပြီနော်..."
ထိုသို့ပြောတော့ရင်ဘတ်နားရောက်နေသည့်လက်ကဝမ်းဗိုက်ထိပြန်လျှောဆင်းသွားသည်။ နောက်ဆုံးတော့ပြောမရသည်မို့လက်ကအပေါ်ပိုတိုးလာလျှင်အောက်ပြန်ရွေ့ပြီးအောက်အရောက်လွန်သွားလျှင်လည်းအပေါ်ဆွဲတင်ရသည့်အလုပ်ကြောင့်ဂျက်စတင်းဆင်ဘာဝိုင်သောက်ရတာပေါ့ရွှတ်ရွှတ်ဖြစ်လာသည်။

ထို့ကြောင့်ဟင်နရီရေဒါပေါ်မှဆင်းကာခြေဆယ်လှမ်းလောက်ခြားထိုင်ရင်းဝိုင်သာဆက်သောက်နေသည်။
"အနားကပ်မလာနဲ့နော်...ဖေဖေနဲ့တိုင်ပြောပြီး daddyတို့နဲ့တစ်လလောက်ဘဲသွားအိပ်တော့မယ် ညီလေးကိုပါခေါ်မယ်"
ဟင်နရီ၏ချက်ကောင်းကိုထိထိမိမိရိုက်မိသွားသည်။ သူ့ခမျာ daddyအရင်းခေါက်ခေါက်ထက် ယောက္ခထီးပထွေးကိုပိုကြောက်ရ၏။ ယောက်ဖငယ်ကိုပါခေါ်အိပ်မည်ဆိုတော့လင်ယောက်ဖ၏အန္တရယ်ကလည်းမလွယ်ပေ။ သူတို့သာတစ်လလုံးလုံးညစာငတ်ရင်သူ့ဘက်ဦးလှည့်လာကြလိမ့်မည်။ အဲ့ဒါဆိုသူကတစ်လထက်တစ်နှစ်ဖြစ်သွားနိုင်သည်မို့မျက်နှာငယ်လေးဖြင့်သာတုတ်တုတ်မျှမလုပ်ရဲတော့ပေ။ အရှေ့ရှိကိတ်မုန့်ကိုသာအမဲဖြတ်နေတော့သည်။ သူ့ရဲ့ရစ်ထုတ်ပေါက်စလေးကတော့အထူးအခွင့်ရေးတစ်ခုကြောင့်ဘယ်လောက်သောက်သောက်မမူးသောအချိန်ကိုပိုင်ဆိုင်ရသည်မို့အပျော်ကြီးပျော်နေပေသည်။

I am a System30 (series1)Where stories live. Discover now