Arc-1.9(ညှိုး)

5.3K 593 20
                                    

Unicode

တိတ်ဆတ်နေတဲ့လေထုက ဂျက်စတင်းကိုမသက်မသာဖြစ်စေမိသည်။ ဦးဆီအပြေးသွားချင်ပေမဲ့ ညီဖြစ်သူကဦးကိုဘာကြောင့်မကြေနပ်မှန်းမသိ အတင်းပေါင်ပေါ်တင်ကာဆွဲဖက်ထားသည်။ မသိရင်ဂျက်စတင်းက သူ့ထက်ငယ်တဲ့ အသက်မပြည့်သေးတဲ့ကလေးလိုလို။ 'ငါလေးကဇာတ်လိုက်ထက်အသက်ကြီးပါတယ်နော်'

ဦးကိုကြည့်မိတော့ ဒန်နီရယ်အိုဝင် ဆိုသူနှင့် မျက်လုံးချင်းစစ်ဖြစ်နေပေသည်။ ဟင်နရီမျက်လုံးထဲမှာက'မင်းအသုံးမကျဘူး ဒါနဲ့မင်းလင်ကိုပြောလိုက်ငါ့ကောင်လေးကိုခုချက်ချင်းလွှတ်စမ်း'လို့ပြောနေသလိုနဲ့...ဒန်နီရယ်မျက်လုံးထဲမှာက 'ငါဘာမှမသိဘူး ငါနဲ့မဆိုင်ဘူး ငါကလည်းဖက်ခိုင်းစေချင်တယ်အောက်မေ့နေလား'လို့ပြောနေသယောင်။

"ဒါဆို မစ္စတာဟင်နရီရေဒါ ဒီကိစ္စတွေကိုဖြေရှင်းပေးနိုင်မလား"

မစ္စတာဆင်ဘာကသာ လူငယ်နှစ်ယောက်မျက်လုံးချင်းပြိုင်ဆိုင်နေတာကြောင့်ဖြစ်ပေါ်နေသည့်လေထုကို ဖြိုခွဲလိုက်ရတော့သည်။

(.....မကြာခင်ကမှသားကြီးကိုလက်ဆွဲကာပြန်လာပေးသည့် သူကိုကြည့်တော့ သားငယ်တစ်ခါပြောဖူးသည့် သားကြီးကိုပြန်ပေးဆွဲသွားသည့်သူနဲ့ဆင်သယောင်ယောင်။

အရာအားလုံးကိုသိုဝှက်မနေတော့ဘဲ ရှင်းရှင်းလင်းလင်းမေးတော့....
"ကျွန်တော်က ကောင်လေးကိုပြန်ပေးဆွဲပြီးနှိပ်စက်ခိုင်းတဲ့သူမဟုတ်ပါဘူး...ကျွန်တော့်မိထွေးနဲ့သူ့တူမကသာ ကျွန်တော့်နာမည်ကိုအသုံးချခဲ့တာပါ"

"ခင်ဗျာကအသုံးမှမကျတာ"ဆိုတဲ့ဂျော်နရီကြောင့် ဟင်နရီက ဒန်နီရယ်ကိုကြည့်ပြီး အချင်းချင်းမကြေနပ်ချက်တွေ​ထုတ်ပြနေတာကြောင့်လေထုက အေးစက်သွားသည်။ .......)

ဒီကလေးက သားကိုထိခိုက်အောင်မလုပ်ဘူးဆိုတာယုံကြည့်လို့ အပြစ်ကင်းကြောင်းပြသရန်အခွင့်ရေးပေးမိခြင်းဖြစ်သည်။

"မစ္စတာဟင်နရီရေဒါကိုယုံကြည်လို့ရမလား"
လို့ပြောတော့ ဟင်နရီကအဆက်မပျက်ခေါင်းငြိမ့်ကာ..

"ယုံကြည်လိုက်ပါ ကောင်လေးကိုထိတဲ့သူတွေကိုကျွန်တော်အလွှတ်မပေးပါဘူး...ဒါနဲ့ကျွန်တော့်ကိုသား ဒါမှမဟုတ် ဟင်နရီ လို့ခေါ်လို့ရပါတယ်...Daddy"

I am a System30 (series1)Where stories live. Discover now