Arc-3.20(ညှိုး)

2K 255 18
                                    

Unicode

ချန်ဟူနန်းတော်ထဲပြန်ရောက်တော့ သူ့ရဲ့တော်ဝင်ကုန်းကုန်းဆီကိုအရင်ဆုံးသွားတွေ့သည်။ သူ့နောက်မှာစစ်သူကြီးချုပ်လည်းလိုက်လာပေမဲ့သူကတော့ဂရုမစိုက်ပေ။ ပိုင်ဟုန်ကိုတော့ကျူးယဲ့နဲ့အတူပြန်နားခိုင်းလိုက်သည်။ စစ်သူကြီးတစ်ယောက်လုံးပါတာဘယ်သူ့ကိုကြောက်ရမှာလဲ?

"မေမေရေဒီမှါကြည့်ပါဦး...."

လူအရင်မရောက်ခင်အသံအရင်လာတဲ့စွာတေးလန်ဧကရာဇ်ပေါက်စလေး...

တော်ဝင်ကုန်းကုန်းကအရင်ဘုရင်ရဲ့အနှစ်သက်ဆုံးဖြစ်သည့်အတွက်ဧကရာဇ်နတ်ရွာမစံခင်တွင်နန်းဆောင်တစ်ဆောင်နှင့်ခြံဝန်းတစ်ခုချီးမြင့်ခဲ့သည်။

နန်းဆောင်ထဲသို့ဝင်ဝင်ချင်းစာအုပ်ကိုင်ကာထိုင်နေတဲ့တော်ဝင်ကုန်းကုန်းကတင့်တယ်လှသည်။ သူကဧကရာဇ်လေးကိုနူးနူးညံ့ညံ့ပြုံးပြပြီးထိုင်နေရာမှထကာအရိုအသေပြုသည်။

"တောင်းပန်ပါတယ်..လာမကြိုနိုင်ခဲ့လို့...
ပြန်ရောက်လာတာကြိုဆိုပါတယ်"

"မလိုပါဘူး...နေမကောင်းဘူးမလား...ထိုင်နေလိုက်ပါ..."

"ဒီမနက်နန်းတော်ထဲမှာလမ်းလျှောက်နေရင်းခြေခေါက်လဲသွားရုံပါပဲ..."

ဧကရာဇ်လေးရဲ့မျက်နှာကစိုးရိမ်သွားပြီးကုတင်ပေါ်ပွေ့တင်လိုက်ပြီးဖိနပ်ကိုချွတ်လိုက်သည်။

"တော်တော်လေးယောင်နေတာပဲ...ကျွန်တော်ဆေးလိမ့်ပေးမယ်..."
အနားမှာရှိနေတဲ့ဆေးကိုယူပြီးသေသေချာချာလေးနှိပ်နယ်ပေးကာ...

"နာလား..."

"မနာပါဘူး သက်သာလာပြီ...ဒီလိုကမသင့်တော်ပါဘူး.."

"ဘာလို့မသင့်တော်ရမှာလဲ...ဟွန့်"

တော်ဝင်ကုန်းကုန်းကဧကရာဇ်ရဲ့အစေခံဖြစ်သည့်အတွက်ဧကရာဇ်ကိုနှိပ်ခိုင်းဖို့မသင့်တော်ချေ။ ကြင်ယာတော်လေးလည်းပါလာသည့်အတွက်ထိန်းသိမ်းသင့်ပေသည်။ ဧကရာဇ်ကတော့ဘာမှဂရုမစိုက်...

စစ်သူကြီးကတော့ကြင်ယာတော်လေးကိုခေါ်ကာဥယျာဥ်ထဲသို့ထွက်သွားသည်။ သူတို့တွေထွက်သွားမှာတော်ဝင်ကုန်းကုန်းကဧကရာဇ်ရဲ့ဆံပင်လေးကိုသပ်ရင်း...
"သားတော်ကမတွေ့တာလပိုင်းလောက်ပဲရှိသေးပေမဲ့အရမ်းထွားလာတာပဲ..."

I am a System30 (series1)Where stories live. Discover now