Arc-3.22(ညှိုး)

1.9K 245 14
                                    

Unicode

Hostရဲ့ဆဲသံသာသာလေးတွေကတော့အပြင်မထွက်လာသည့်အတွက်30ကသာလိမ့်ပြီးခံနေရသည်။ အမှန်ဆို30တစ်ယောက်တည်းမကြားချင်ပေ...အကုန်လုံးအတူတူဆဲသံကြားတော့ပိုမကောင်းဘူးလား....

<"ဒီကောင့်ကိုကြည့်ရတာစိတ်မမှန်ဘူးထင်တယ်...">

'ငါ့ဦးကလွဲရင်ဘယ်သူမှမကောင်းဘူး'

<"ဖာ့...">

သူများကအတည်ပြောမို့ဟာကိုထထဖောက်သည့်hostကြောင့်ဆက်မပြောတော့ပဲစိတ်ကောက်လိုက်သည်။

'ဖာ့တာနောက်မှဖာ့ ငါအခုinnocenceယောင်ဆောင်မို့...'

စိတ်လေတယ်ပြောလည်း30အပြစ်ပဲဖြစ်ဦးမယ်...hostရုပ်ကinnocenceရုပ်တစ်စိမှမပေါက်...ငါဟာလူယုတ်မာကြီးပါဆိုတဲ့ရုပ်နဲ့ hostကိုinnocenceလို့မြင်ရင်အဲ့လူစွပိန်းပဲ...

ကျင်းဘုရင်ကရေခဲကုတင်ပေါ်ရောက်နေတဲ့သနားစရာကောင်လေးကိုကြည့်ပြီးဟက်ဟက်ပက်ပက်အော်ရယ်လိုက်သည်။

"ကိုယ်တော့်အရှေ့ကနတ်သားလေးကဟွားလော့မလား...ဟွားရာရဲ့သား...ဟုတ်တယ်မလား."

'စဖုပဲသူဘယ်လိုသိတာလဲ...'

​စိတ်ထဲမှာတွေးနေတာတွေကမျက်နှာပေါ်မှာပေါ်နေကြောင်းအရှေ့ကတစ်ယောက်ကမသိဘူးထင်သည်။ ချစ်ဖို့တော့ကောင်းတယ်....

"ရာရာက ကိုယ်တော့်ကိုဘယ်တုန်းကမှလျှို့ဝှက်မထားဘူးလေ"

'အဲ့လိုကို'

သိချင်တာသိရတော့ကျေနပ်နေတဲ့ပုံစံပြန်ဖြစ်သွားသည်။ ဒီနတ်သားဟာလုံးဝအကြောက်အရွံ့မရှိ....သူ့သတိမထားမိ၍လူသေသွေးအဆိပ်မိသွားသည်....
အချိန်ကြာကြာဆွဲ၍မကောင်းချေ။ ဖြေဆေးဖြစ်တဲ့သလင်းကသူ့ဆီမှာရှိပေမဲ့လုံးဝမပေးနိုင်...ထို့ကြောင့်သလင်းထဲကစွမ်းအင်အနည်းငယ်သုံးပြီးသက်သာအောင်လုပ်ထားရသည်။

"နတ်သားလေးကကိုယ့်အတွက်ကလေးလေးမွေးပေးရမယ်..."

'ဆားပက်...မရှိလည်းငှါးဆဲတယ်...'

ဒေါသတကြီးဖြင့်တစ်ဖက်လှည့်သွားတဲ့ကောင်လေးကိုအမှန်အတိုင်းပြောမိလိုက်သည်။ သူ့မိခင်သေတာလည်းသူကတွေ့ပြီးပြီ ဘာလို့ဆက်ညာနေရမှာလဲ....
ထူးဆန်းတယ်ဒီနတ်သားလေးကသူ့ကိုစကားအမှန်ပြောစေတဲ့တစ်ယောက်တည်းသောသူပဲ...

I am a System30 (series1)Where stories live. Discover now