Arc-4.9(ညှိုး)

1.5K 214 26
                                    

Unicode

မွန်နီခါအိမ်တော်၏အကျယ်ကပေပေါင်းများစွာကျယ်ဝန်းလေသည်။ ယခုညစာစားပွဲကျင်းပရာစံအိမ်လေးတောင်မှဂိတ်ဝမှတံခါးအောက်ထိအဝေးကြီးလမ်းလျှောက်ရန်လိုအပ်သည်။

ပွဲကျင်းပသည့်စံအိမ်၏အတော်လှမ်းလှမ်းရှိအနောက်ဘက်ရေတံခွန်ထဲတွင်ခန့်ညားလှသည့်အမျိုးသားတစ်ဦးကလှပစွာကူးခတ်နေပေသည်။ ထိုရေတံခွန်ကလူအရောက်အပေါက်နည်းသောကြောင့်ပတ်ဝန်းကျင်တွင်အပင်များကအုပ်ဆိုင်းနေပေ၏။

အပေါ်ပိုင်းဗလာခန္ဓာကိုယ်တွင်
သန်မာသည့်ကြွက်သားတွေကထိုအမျိုးသား၏ခန္ဓာကိုယ်ကိုပို၍ပနံသင့်စေသည်။ သန်မာပေမဲ့သေးသွယ်သည့်ခါးကြောင့်ထိုအမျိုးသားကိုလှပသည့်အသွင်ဆောင်စေ၏။ နီရဲရဲဖြင့်တောက်ပသည့်မျက်ဝန်းတွေကတသွင်သွင်စီးဆင်းနေသည့်ရေတံခွန်၌ကြယ်ရောင်ကဲ့သို့ရောင်ပြန်ဟပ်နေသည်။

မည်သူမှမမြင်နိုင်သည့်ပိစိလေးSystem30ကကမ်းစပ်ရှိကျောက်တုံးပေါ်တွင်မှောက်ခုံနေရင်းhostကိုလှမ်းပြောလိုက်သည်။

<"ဒီကိုဘာလာလုပ်နေတာလဲ">

ရေကူးနေသည့်hostကရေပေါ်ပက်လက်လေးမျောနေရင်း30ကိုကြည့်ပြီးဖြေလိုက်သည်။

'လုပ်ကြံသူတွေမှမအားတာ ပြီးတော့ဘယ်သူမှမပါဘဲဒီဘက်ကိုတအားလာချင်နေတယ် ဘာကြောင့်လဲတော့မသိဘူး '

hostဘာတွေဖြစ်နေလဲဆိုတာတော့မသိပေမဲ့ခန်းမထဲကကိစ္စကြောင့်စိတ်ရှုပ်သွားသည်ထင်သည်။

လွန်ခဲ့သည့်နာရီဝက်ကညစာစားပွဲခန်းမထဲတွင်...
"ကျန်သေးတယ်..."

ဆူရွန်မွန်နီခါနယ်စား၏စကားကြောင့်ခန်းမတွင်းရှိလူအားလုံးတိတ်ဆိတ်သွားပြီးစိတ်ဝင်တစားနားစွင့်နေကြသည်။

ထိုအချိန်တွင်နယ်စားကဝင်လာထဲကအတူပါလာသည့်ရွှေရောင်ဆံနွယ်ပိုင်ရှင်ကောင်လေးကိုလက်စွဲပြီးမင်းသမီးလေးကိုလက်ကမချပဲရှေ့သို့ထပ်တက်လာခဲ့သည်။

"သူက..အင်ဒရူး ပိုတိ့ လာရာ ဒါရက်စ်"

အားလုံးကတော့ဒီကောင်လေး၏မျိုးရိုးနာမည်ကိုကြားဖူးသလိုခံစားနေရသည်။

I am a System30 (series1)Where stories live. Discover now