Arc-4.16(ညှိုး)

1.5K 172 21
                                    

Unicode

ဆူရွန်အရင်နိုးလာပြီးထထိုင်လိုက်တော့စူးအောင့်တက်လာသည့်အောက်ပိုင်းကြောင့်ကျွတ်သပ်မိသည်။ လှုပ်ရှားသံတွေကြောင့် ဘရိုက်လည်းလှုပ်စိလှုပ်စိဖြစ်လာသည်။

ဘရိုက်ကိုအာရုံမစိုက်အားဘဲစောင်ကိုလှန်ကြည့်မိတော့အောက်မှာသွေးကွက်တွေကိုတွေ့လိုက်ရပြီးသူ့ဘေဘီထဲမှအတံပါးပါးလေးကိုလည်းမထုတ်ရသေးပေ။ ဘရိုက်၏အရာနှင့်နောက်ထပ်အရာကလည်းရှိနေသည်မို့ဒေါသအလိပ်လိုက်တက်လာသည်။ အနည်းငယ်လူးလိမ့်နေသည့်ဘရိုက်ကိုကန်ထုတ်ချင်ပေမဲ့ခြေထောက်ကလည်းပျော့ခွေနေသည်။ မန္တျန်းတစ်ခုကိုစဥ်းစားလိုက်ပြီးထိုမန္တျန်းရွတ်ကာဘရိုက်ကိုအဝေးသို့လွှင့်သွားစေပြီးကုတင်ပေါ်မှပြုတ်ကျသွားစေသည်။

ဘရိုက်ကနိုးနိုးကြားကြားဖြင့်ထထိုင်ပြီးဘာမှန်းလှည့်ပတ်ကြည့်နေသည်။ စူးစူးရဲရဲစိုက်ကြည့်နေသည့်ဆူရွန့်ကိုမြင်သွားမှနားလည်သဘောပေါက်သွားကာအရင်ဆုံးတောင်းပန်လိုက်သည်။
"ဦးတောင်းပန်ပါတယ်နော်...."

သူကမျက်နှာငယ်လေးဖြင့်တောင်းပန်ပေမဲ့ဆူရွန်ကကျေနပ်သည့်အရိပ်အယောင်ပင်မပြချေ။ သို့မှသာဆူရွန့်အတွင်းထဲထည့်ထားသည့်အရာများကိုသတိရပြီးထုတ်ရန်ကုတင်ပေါ်လို့လေးဖက်ထောက်လေးတက်လာလိုက်သည်။

"အဲ့ဒါကအရမ်းကောင်းလို့မေ့သွားတာပါ...ဟင့်ဟင့်...ခုထုတ်လိုက်ပါ့မယ်နော်.."
သနားကမားဖြစ်အောင်ပြောလိုက်သည်။

ဆူရွန်သူ့ချစ်ရသူ၏မျက်ရည်မထွက်လာပေမဲ့ညှိုးနေသည့်မျက်နှာကိုမြင်တော့အနည်းငယ်စိတ်ပျော့သွားကာအလျော့ပေးလိုက်သည်။
"ကောင်းပြီ..နောက်ဆိုဒီလိုမျိုးကစားနည်းတွေကိုငါခွင့်ပြုမှလုပ်မယ်..ကြားလား...ငါမခံနိုင်တော့ဘူးပြောတာနဲ့ချက်ချင်းရပ်ပေးရမယ်နော်"

ဒီလိုကစားနည်းကိုဆက်မကစားနဲ့ဟုမ​ဆိုဘဲညင်ညင်သာသာလေးဆိုရပါပြီဟုသဘောသက်ရောက်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ်ဆူရွန်သာသူ့ကိုမကစားနဲ့တော့ဟုပြောလျှင်နာနာခံခံဖြင့်ဆက်ဆော့ကစားတော့မည်မဟုတ်ပေ။ ခုတော့ဆူရွန်ကလက်မခံကြောင်းလည်းမပြောသည်မို့ဘရိုက်အ​ကျေနပ်ကြီးကျေနပ်နေသည်။

I am a System30 (series1)Where stories live. Discover now