Arc-3.1(ညှိုး)[Do you love me?]

4.2K 359 8
                                    

Unicode

အမှောင်ထဲ၌စမ်းတဝါးဖြစ်နေ့သည့်အပြင် အေးစက်လွန်းတဲ့နေရာအနေအထားကြောင့် အလွန်ပင်ထိတ်လန့်နေမိသည်။

<"host...30ရောက်လာပြီ">

'30ငါခုဘယ်ကိုရောက်နေတာလဲ...ဒါဘယ်လိုအခြေနေကြီးလဲ...'

<"30လည်းမသိဖူး မှတ်ဉာဏ်ပို့ပေးလိုက်မယ် ဘယ်လိုဖြစ်ဖြစ်အထက်ကလုပ်တယ်လို့သာမှတ်လိုက်ပါ">

'...??'ပြောစရာတွေပင်ပျောက်ရှသွားလေသည်။

မှတ်ဉာဏ်ကိုကြည့်လိုက်တော့...
[ဇာတ်လမ်းသွင်ပြင်ကရှေးခေတ်ဘုရင်အုပ်ချုပ်သည့်ပုံစံပင်ဖြစ်သည်။ ဘုရင်နှင့်အင်အားကြီးမျိုးနွယ်စုဝင်တွေရဲ့အားပြိုင်မှုပုံစံဖြစ်သည်။ အင်အားကြီးမျိုးနွယ်သုံးစုက အိုင်မျိုးနွယ်စု၊ ဂျာမျိုးနွယ်စု၊ ဟူမျိုးနွယ်စုတို့ပင်ဖြစ်သည်။ မျိုးနွယ်စုမတူပေမဲ့...ထိုမျိုးနွယ်စုဝင်တွေကအချင်းချင်းရိုင်းပင်းကြလေသည်။ မျိုးနွယ်စုတိုင်းကသန်မာလွန်းပြီးအလွန်ပင်လှပခန့်ညားလေသည်။ တိုက်ခိုက်ရေးတွင်လည်းအရည်အချင်းပြည့်ဝပေသည်။ အိုင်မျိုးနွယ်စုဝင်များကဓားအမျိုးမျိုး၊မြှားပစ်ခြင်းဖြင့်တိုက်ခိုက်ရာတွင်ကျွမ်းကျင်သည်။ ဂျာမျိုးနွယ်စုဝင်များကလှံတံ၊ပုဆိန်များဖြင့်တိုက်ခိုက်ရာတွင်ကျွမ်းကျင်ပြီး ဟူမျိုးနွယ်စုဝင်များကကြာပွတ်၊လက်နက်ပုန်းများဖြင့်တိုက်ခိုက်ရာတွင်ကျွမ်းကျင်ကြပေသည်။
မျိုးနွယ်စုများကိုနတ်မောင်နှမနှစ်ယောက်ကစောင့်ရှောက်လျက်ပေးလျက်သည်။

ဤဇာတ်ကြောင်းတွင်ဇာတ်လိုက်မက အိုင်မျိုးနွယ်စုခေါင်းဆောင်ရဲ့ဒုတိယသမီးမုမုဖြစ်ပြီးငယ်စဥ်ထဲကအလေးပေးမခံရချေ။ ထို့ကြောင့်မျိုးနွယ်စုမှထွက်ခွါလာခဲ့ပြီးတစ်ယောက်တည်းစွန့်စားခဲ့ပေသည်။ ဇာတ်လိုက်ကတော့ကျင်းတိုင်းပြည်၏အတော်ဆုံးစစ်သူကြီးရွမ်းဟောက်ပင်ဖြစ်လေသည်။ သူတို့နှစ်ယောက်တွေ့ဆုံခဲ့ပုံက စစ်သူကြီးကနယ်စပ်မြို့လေးတစ်မြို့တွင်ပြဿနာများသွားရောက်ဖြေရှင်းပြီးပြန်အလာလုပ်ကြံခံရချိန်တွင်ဇာတ်လိုက်မနှင့်တွေ့ပြီးကယ်တင်ခံရလေသည်။ နောက်ပိုင်းတွင်နှစ်ဦးသားချစ်ကြိုးသွယ်လေကာလက်ထပ်လိုက်ကြလေသည်။

I am a System30 (series1)Where stories live. Discover now