Arc-4.31(ဆူရွန်)

606 70 6
                                    

4.31

ရွန်နီရဲ့ပျောက်ဆုံးမှုကြောင့်အားလုံးအလုပ်ရှုပ်နေကြသည်။ ဧကရာဇ်ကလည်းလျှို့ဝှက်ချက်အနေနဲ့ထား၍မရတော့သည်မို့ရွိုင်းကအားလုံးသိစေရန်ကြေငြာချက်ထုတ်လိုက်သည်။

ကြေငြာချက်ထုတ်ပြီးလုပ်စရာရှိသည်တို့ကိုသူ့သားတွေနှင့်ဆူရွန်၏သားတွေကိုအကုန်လွှဲလိုက်ပြီးသူကတော့ဘရောင်းကိုမျက်စိအောက်ကအပျောက်မခံလိုက်ကြည့်နေသည်။ ကျွန် ကောင်လေး၂ယောက်ရဲ့စာချုပ်ကြောင့်အင်ဒရူးကိုလည်းအခဲမကြည်ပေ။

စာချုပ်ကသာမာန်သခင်နှင့်အစေခံစာချုပ်မဟုတ်ပေ။ လိင်ကျွန်ဟုပြောရလောက်သည့်စာချုပ်ပင်။ သူ့သားရဲ့လိင်ကျွန်ဆိုပေမဲ့သူ့သားကအစားခံရမှာပဲလေ။ ထို၃ယောက်ကတော့ဘာမှပင်မသိသည့်အူတူတူတွေ။ ထို့ကြောင့်အင်ဒရူးကိုမဲကာဒုက္ခများများပေးဖို့ပင်ကြံရွယ်ထားသည်။

အင်ဒရူးကိုတိုင်းပြည်ကရှိသမျှအလုပ်အားလုံးလုပ်ခိုင်းပြီး ရွိုင်းကတော့သူ့ချစ်ရသူလေးလာဒ့်ကိုလိုက်၍ချော့မော့ကာအလိုလိုက်တော့သည်။ ဘရောင်းကိုလည်းမျက်စိထောက်ထောင့်ကြည့်သည်။

အင်ဒရူးကအဖေဖြစ်သူရဲ့အနိူင်ကျင့်ခံရပြီး ချစ်ဇနီးလေးအတွက်တာဝန်မကျေတဲ့ခင်ပွန်းဖြစ်မှန်းမသိဖြစ်လာ၏။

အင်ဒရူးစာကြည့်ခန်းထဲ၌စာရွက်စာတမ်းတွေကို လက်မှတ်ထိုးဖို့လိုအပ်သည်ကိုထိုးတံဆိပ်တုံးထုရန်လိုအပ်သည်ကိုထုနေသည်။ များမကြာမှီတံခါးပွင့်သံကြားရသည်။

"စားပွဲပေါ်မှာချခဲ့ပါ"

အိမ်ထိန်းကထူးဆန်းနေသည့်အတွက်မော်ကြည့်မိရာညအိပ်ဝတ်စုံအရှည်ကိုဝတ်ဆင်ထားသည့်တိုရီကိုတွေ့လိုက်ရ၏။

တိုရီက အင်ဒရူး၏ညဝတ်အင်္ကျီကိုဝတ်ထားသည်မို့ကပိုကရိုလေးဖြစ်နေကာ သူ့ထက်ကြီးမားသည်မို့ပခုံးသားများပင်ပေါ်အောင်ချောင်ကျနေသည်။ တိုရီကအရင်လိုခပ်ထွားထွားခန္ဓာကိုယ်နှင့်ရင့်ကျက်မှုတို့မရှိတော့ဘဲ သေးသွယ်လာကာကလေးဆန်လာသည်။

တိုရီကဆူပုတ်စွာဖြင့်အင်ဒရူးဆီလာကာ ပေါင်ကိုတက်နင်းပြီးအလုပ်စားပွဲပေါ်ထိုင်ချလိုက်၏။ ထို့နောက်မထင်မှတ်ထားသည်ကိုလုပ်ချလိုက်သည်။

I am a System30 (series1)Where stories live. Discover now