Arc-1.8(ညှိုး)

5.6K 602 10
                                    

Unicode

ဂျက်စတင်းမနက်နှိုးလာတော့...မျက်နှာကျက်အဖြူကိုတွေ့လိုက်ရသည်။ ခေါင်းကမူးရိပ်ရိပ်ဖြစ်နေကာ...တစ်ကိုယ်လုံးနာကျင်နေသလိုခံစားနေရသည်။ 'ဘာဖြစ်တာလဲဆိုတာ သိသွားသလိုပဲ'

ခါးတစ်ဝှိုက်တင်းတင်းကြပ်ကြပ်ဖြစ်နေတာကြောင့် စောင်လှန်ကြည့်မိတော့ သန်မာတဲ့လက်မောင်းတစ်စုံဖြစ်နေသည်။ ထိတ်လန့်သွားကာ အနောက်လှည့်ကြည့်မိတော့ ကျောရိုးတစ်လျောက်နာကျင်သွားသည်။ နာကျင်တာကိုသည်းခံကာ လက်မောင်းပိုင်ရှင်ကိုကြည့်မိတော့ ဦးဖြစ်နေသည်။

'တော်သေးတာပေါ့ ဦး ဖြစ်နေလို့'
ဆိုပြီးရင်ခွင်ထဲဝင်ကာ ညကအဖြစ်အပျက်တွေကိုစဥ်းစားမိသည်။

တွေးရင်းတွေးရင် ဝိုင်သောက်မိတဲ့အထိပြန်မှတ်မိလာခဲ့သည်။ 'အဲ့ဝိုင်ကငါအရင်ကသောက်ဖူးတဲ့ဝိုင်တွေထက်ကောင်းတယ်...စပျစ်အရသာလေး'

မျက်လုံးထဲမြင်ယောင်လာတဲ့ ဦးနဲ့အိပ်ယာပေါ်ကပုံရိပ်လေးကြောင်း ရင်တွေပရမ်းပတာခုန်လာခဲ့သည်။ 'ရှက်လိုက်တာ'

ဟင်နရီ ရင်ခွင်ထဲမှာလုပ်စိလုပ်စိဖြစ်နေတာကြောင့်နှိုးလာရသည်။ ငုံ့ကြည့်လိုက်တော့သူ့ရဲ့ ရင်နှင့်သည်းချာလေး...ပါးစပ်ကလည်းပွစိပွစိ....တစ်ချက်တစ်ချက်နာလို့ထင်တုန်တုန်တက်သွားတာလေးကအသက်...ကောင်လေးကိုသနားပေမဲ့ ဒီလိုပုံစံလေးကတကယ်ချစ်ဖို့ကောင်းတယ်...

ခန္ဓာကိုယ်အနှံ့ အချစ်မှတ်လေးတွေနဲ့ စောက်ရမ်းချစ်ဖို့ကောင်း....ညကငိုရလွန်းလို့ဖောင်းအစ်နီရဲနေတဲ့မျက်လုံးတွေရယ် ယောင်နေတဲ့နှုတ်ခမ်းလေးက ဆွဲဆောင်မှုအပြည့်....
'ကောင်လေးရယ်...ဦးကိုမြူစွမ်းတိုက်နေတာလားဟင်'

ဆွဲဆောင်နေတဲ့ရင်ခွင်ထဲက အမျိုးသားလေးကို နမ်းလိုက်တော့..."ဦး ကျွန့်တော့နှုတ်ခမ်းတွေကနာနေတယ် မကိုက်နဲ့လို့..အ"

..............................
1ပတ်ခန့်ကြာသော်~~~

"ကောင်လေးဦးတောင်းပန်ပါတယ်နော်..."

"အသားလာမထိနဲ့သွား....သူများကိုအနိုင်ကျင့်တဲ့လူဆိုးကြီး.."

I am a System30 (series1)Where stories live. Discover now