Arc-4.13(ညှိုး)

1.5K 200 32
                                    

Unicode

ဒီနေ့က30ပြောပြထားသည့်အင်ဒရူး၏စွမ်းအင်နိုးထမည့်နေ့ဖြစ်သည်။ ဘယ်အချိန်နိုးထမည်ကိုတော့မသိ၍အင်ဒရူးကိုတစ်နေကုန်သူ့နားတွင်ထားထားပေသည်။

ရွိုင်းတို့သားအဖကလည်းနေ့တိုင်းလာလည်သည့်အပြင်ဘရိုက်ကဆူရွန်နားတွင်ကော်နှင့်ကပ်ထားသကဲ့သို့ခွါမရဖြစ်နေသည်။ ထိုသို့ဆိုလျှင်ဆူရွန်၏သားတွေကမကျေမနပ်ဖြစ်ကြ၍အမြဲစကားနိုင်လုလိုက်ဆူရွန့်ကိုလုလိုက်ဖြစ်နေကြသည်မှာထုံးစံလိုဖြစ်သည်။ ဆူရွန်ကတော့ကြားထဲ၌ကန့်လန့်ကန့်လန့်ဖြစ်နေကာဘယ်သူ့ဘက်မှပါရမှန်းပင်မသိတော့ချေ။ ဒီ5ရက်အတွင်းဘရိုက်နှင့်နီးစပ်စွာနေရင်းမှဘရိုက်သည်သူ့၏ဦးဖြစ်သည်မှာသေချာလာပြီဖြစ်သည်။ ကလေးတွေနှင့်ဘရိုက်တို့ရန်ဖြစ်လျှင်ကလေးတွေဘက်ကပါလျှင်ဘရိုက်ကိုပစ်ထားသလိုဖြစ်နိုင်ပြီး ဘရိုက်ဘက်ကသာပါခဲ့လျှင်ကလေးတွေစိတ်ဒဏ်ရါရနိုင်သည်မို့တစ်ယောက်တည်းသက်သာရာမချေ။

ဆူရွန်နှင့်ဘရိုက်လက်ထပ်မည်ကိုမကျေနပ်ဆုံးသူကဂျိတ်ဒ်ဖြစ်သည်။ မကျေမနပ်ဖြစ်တာထက်သူ့ဖေဖေလက်ထပ်မည့်သူက သူ့ထက်တစ်နှစ်ကြီးများတောင်ငယ်နေသည်ကခံရခက်စေသည်။ လက်ထပ်ပြီးရင်ဖေဖေလေးဟုခေါ်ရမည်တဲ့...ဘယ်လိုခံစားချက်နဲ့များခေါ်ရမှာလဲ?
ရွန်နီနှင့်ရိုနာတို့လည်းထို့အတူပဲဖြစ်သည်။ သူတို့နှင့်သက်တူရွယ်တူကိုဖေဖေလေးခေါ်ရမှာဘယ်လိုပဲဖြစ်ဖြစ်အဆင်ကိုပြေမနေပေ။ အငယ်တွေကတော့သူတို့ကိုအလိုလိုက်မည့်အဖေတစ်ယောက်ထပ်ရမည်ဟုပျော်နေပေမဲ့လည်းပေါ့၊ သူတို့သုံးယောက်ထက်သေးသေးလေးအသက်ပိုကြီးမယ်ဆိုရင်တောင်ခံသာသေးသည်။

ဒီရက်ပိုင်းအတွင်းသူနှင့်ရွိုင်းတို့၏ဆွေးနွေးမှုအရလက်ထပ်ပွဲကလာမည့်တစ်ပတ်အတွင်းဖြစ်လိမ့်မည်။ ဆူရွန့်၏အဘိုးကိုဖိတ်ကြားရန်ရွိုင်းကိုယ်တိုင်ဖိတ်ကြားလွှာတစ်စောင်ရေးသားခဲ့သည်။ လာမည်မလာမည်ကထိုသူနှင့်ဘဲဆိုင်သည်မလာလျှင်လည်းဆူရွန့်အတွက်ပြဿနာမရှိပေ။ သူ့မိဘတွေကတော့အရိပ်တောင်ထွက်ပြမည်မထင်ပေ။ ညီအစ်ကိုတွေကတော့လား?ပွဲဖျက်ဖို့လာနိုင်သည်။ ယခုတော့ဇာတ်လိုက်အင်ဒရူးဘယ်အချိန်စွမ်းအင်နိုးထမည်ကိုသာစောင့်ကြည့်ရမည်။

I am a System30 (series1)Where stories live. Discover now