Arc-4.20(ညှိုး)

1.1K 132 8
                                    

Unicode

ညအချိန်တွင်ကောင်းကင်၌စုံလင်နေသောကြယ်များကိုရေတွက်၍ရပေမဲ့ဘေးဘီကိုမမြင်ရစေရန်မန္တျန်းဖြင့်ကာရံထားသောတံတိုင်းကြီးကရှိနေ၏။

"ပါးပါး..."
ရွှင်လန်းနေသည့်အသံလေးနှင့်အတူအခန်းထဲဝင်ရောက်လာသည့်သားဖြစ်သူကို ဒရူးဟော်နယ်ပြုံးပြုံးလေးကြိုဆိုလိုက်သည်။

သူ့ထံအပြေးလေးလာနေသည့်သားကိုလက်နှစ်ဖက်ဖွင့်ကာရင်ခွင်ထဲသို့ပျော်ရွှင်စွာကြိုဆိုလိုက်၏။ သူ့ထက်ခန္ဓာကိုယ်ထွားပေမဲ့သူ့ရဲခွင်ထဲရောက်နေသည့်သားဖြစ်သူကိုဆံပင်လေးသပ်ပေးနေသည်။ သူ့သား၊ သူ့၏ပထမဆုံးတော့အရင်းနှီးဆုံးသူ၊ သူ့အကိုတော်နှင့်ဖခင်ထက်ပိုပြီးသူနှင့်အနေနီးသူ...အကြီးသားတော်။ ဒရူးအနေနှင့်အမှန်တရားကိုဖွင့်ဟဖို့စိုးရွံ့နေမိသည်။ သို့ပေမဲ့သူ့တွင်လက်ရှိအားကိုးစရာဟူ၍သူ့သားတော်ကြီးသာရှိသည်။

"ပါးပါး သားကိုဘာလို့ခေါ်တာလဲဟင်" ဘရိုက်ဘယ်သူမှမသိအောင်တိတ်တိတ်လေးနေရာပြောင်းအစီအရင်ဆွဲကာလစ်ထွက်လာခြင်းဖြစ်၏။

ဒရူး၏အပြုံးလေးတွေခါတိုင်းကဲ့သို့နူးညံ့မြဲနူးညံ့ဆဲပင်။
"သားတော်...ပါးပါးအကြောင်းကိုသိချင်လား? ဒါပေမဲ့တစ်ခုခုတော့လုပ်ပေးရမယ်နော်..."

ဘရိုက်၏မျက်ဝန်းများကလင်းလက်သွား၏။ သူ့မိခင်ကိုပိုတိုးဖက်လိုက်ရာသူ့အောက်၌တစ်ခုခုခံနေကြောင်းသတိထားမိ၍ငုံ့ကြည့်ရာပါးစပ်ပင်မပိတ်နိုင်တော့ချေ။ လက်ညိုးလေးဖြင့်ဖွဖွလေးတို့ကာ...
"ဒါ...ဒါ..."

ဘာစကားမှထွက်မလာဘဲသူ့မိခင်ရင်ခွင်ထဲမှထွက်ကာဘေး၌ထိုင်ရင်းရေးရေးလေးပူဖောင်းနေသည့်ဝမ်းဗိုက်လေးကိုမထိရက်မကိုင်ရက်ဖြစ်နေသည်။

"ဖေဖေကြီးသိလားဟင်..."
ဘရိုက်ကမေးသည်။

"သိခွင့်မပေးနိုင်ဘူး အရင်က4လလောက်ဘဲရှိသေးတော့သူလည်းမရိပ်မိသေးဘူး ဒီကိုမလာတာ3လလောက်ရှိပြီ ဒါမို့သူမသိနိုင်သေးဘူး"
ဒရူး၏စကားတွေကြားတော့ဘရိုက်တစ်ခုခုလွဲနေသလိုခံစားရသည်။ ထိုခံစားချက်ကအခုမှမဟုတ်ဟိုးငယ်ငယ်လေးတည်းကခံစားရခြင်းဖြစ်သည်။ ဘယ်နေရာလွဲလိုလွဲနေမှန်းမသိသည့်ခံစားချက်။

I am a System30 (series1)Where stories live. Discover now