အခန်း ၁၉[မျက်မမြင်ဟူးရား ၂]

2.2K 563 30
                                    

[[Unicode]]

ရွှမ်းမင်သည်အရပ်အတော်ရှည်တာမလို့ သူခိုးလေး၏ခေါင်းသည် ရွှမ်းမင်ခါးကျော်ရုံလေးသာရှိ၏။ ပိန်ပါးသောမျောက်တစ်ကောင်နှယ်ဖြစ်နေသောသူ့အသွင်သည် ရှစ်နှစ်ကိုးနှစ်ဝန်းကျင်သာရှိ၏။ ဘုန်းတော်ကြီးမှအင်္ကျီလည်ထောင်နောက်ကိုလှမ်းဆွဲကိုင်လာတာကြောင့် ထိုကောင်လေးသည်အစွမ်းကုန်ကန်ကျောက်ကာရုန်းကန်လာ၏။ သို့သော်လည်း သူ့ထိုးကန်ချက်များသည် ရွှမ်းမင်ထံသို့မရောက်သည့်အတွက် အဆက်မပြတ်အော်ဟစ်တော့၏။

"ကယ်ကြပါဦး!ဓားမြဗျို့!အာာာား!လွတ်!"

သူခိုးမှဓားမြလို့ပြန်အော်ပြီးအသံကောင်းဟစ်နေလေရဲ့။ ရွှဲ့ရှန်ကတော့ ထိုသူငယ်၏ဥာဏ်ကောင်းပုံကို တော်တော်ပင်မင်သတ်မိသည်။

ကတုံးထံတွင် အများနှင့်မတူသောစဥ်းစားတွေးခေါ်ပုံများရှိနေတာကတော့ ထိုသူငယ့်အတွက်ကံဆိုးခြင်းပင်။ ယောကျ်ားမိန်းမ၊ ငယ်ငယ်ကြီးကြီး အခြားဘုန်းတော်ကြီးများကဲ့သို့မဟုတ်ပဲ သူ့အမြင်တွင်တစ်သားတည်းသာဖြစ်ကာ ကရုဏာတရားမရှိသလိုစာနာတတ်မှုလည်းမရှိ။ ရွှမ်းမင်အသွင်သည် ကန်ရေပြင်ကဲ့သို့မမှိတ်မသုန်ငြိမ်သက်နေပြီး လက်တစ်ဖက်ကသူခိုးလေးလည်ထောင်ကိုကိုင်ထားရင်း အခြားလက်တစ်ဖက်ဖြင့် ဝတ်ရုံအတွင်းမှအဆောင်လက်ဖွဲဲ့တစ်စောင်ကို ဆွဲထုတ်လိုက်သည်။ သူခိုးလေး၏နဖူးအလယ်တွင် မပျော့လွန်းမတင်းမာလွန်းသောအားဖြင့် ဖိကပ်လိုက်ပြီး

"အသံတိတ်"

သူခိုးလေး ; "..."

အဆက်မပြတ်ထွက်ပေါ်နေသောအော်ဟစ်သံများသည် တုံ့ကနဲရပ်တန့်သွား၏။ သူခိုးလေး၏မျက်နှာသည် အနီရင့်ရောင်သန်းလာပြီးသေလုမတတ်အသက်ရှုမွန်းကျပ်လာသည်။

ရွှဲ့ရှန်သည် ကလေးအပေါ်အတန်ငယ်ကရုဏာသက်မိတာကြောင့် တကျွတ်ကျွတ်မြည်တမ်းရင်း စိုထိုင်းနေသောလက်က ပါးစပ်အနားသို့ရောက်ရှိသွား၏။ ထိုအခါ စောလျှင်ကရေစိုခဲ့တာကြောင့် ပြဲလွယ်သောအခြေအနေကိုရောက်နေရာ လက်သည်ပါးစပ်မှာမတော်တဆကပ်သွား၏။ အားနှင့်သာဆွဲယူလိုက်လျှင် သူ့လက်ပြဲချင်ပြဲ ဒါမှမဟုတ် သူ့ပါးစပ်ကွဲသွားလိမ့်မည်။ အလွန်ဆိုးရွားသောအခြေအနေပင်ဖြစ်ပြီး သူဆက်လုပ်နိုင်တာမရှိ။

Copper Coins《铜钱龛世》Where stories live. Discover now