အခန်း ၄၁(စားပွဲထိုး ၂)

1.8K 449 33
                                    

Unicode

သို့ပေမဲ့ ဤကြော်ငြာစာရွက်သည် တမျိုးထူးဆန်းလှ၏။ တရားခံ၏ပုံတူနှင့် သက်ရွယ်အကြမ်းဖျဉ်းကလွဲလျှင် ကျန်သောအချက်အလက်များ ရေးထားခြင်းမရှိ။ မည်သည့်ပြစ်မှုကို ကျူးလွန်ထားကြောင်းမပါသလို နန်းတွင်းရုံးတော်က အဘယ်ကြောင့် ဤသို့နှံ့နှံ့စပ်စပ် ရှာဖွေနေကြောင်းလည်းမသိရ။ အလွန်အန္တရာယ်များ၍ မြင်ပါကအနားမကပ်ပဲ သက်ဆိုင်ရာရုံးတော်ကို ချက်ချင်းသွားရောက်အကြောင်းကြားရန်သာ ရေးထားသည်။

ပုံကြမ်းသည် ရွှမ်းမင်နှင့်တူလွန်း၍ ကျန်းရှီနင်မင်သတ်နေဆဲဖြစ်သည်။ အဝေးတစ်နေရာကိုငေးကြည့်လျက် တွေးတောနေပြီး ပုံကိုတဖန်ပြန်ကြည့်ပြန်သည်။

"မျက်လုံးအိမ်ကတာ့ရှီးထက်ကျဉ်းတယ်"

ကြော်ငြာစာရွက်မှ အကြည့်မခွာသော ရှီထို့ကျန်းဆီမှ နောက်ဆုံးတော့အသံထွက်လာသည်။ ပင်လယ်သမုဒ္ဒရာထဲရောက်နေချိန်ဝယ် ကျွန်းငယ်ကိုလှမ်းတွေ့လိုက်ရသည့်နှယ် သက်ပြင်းရှည်ချလျက် မျက်ခုံးဆွဲထားသည်ကိုညွှန်ပြကာ

"သေချာကြည့်မယ်ဆိုရင်ဒီနေရာမှာမှဲ့ငယ်လေးပါတယ်..တာ့ရှီးမှာမပါဘူး..ပြီးတော့နှာခေါင်းရိုးကလည်းတာ့ရှီးထက်ပြားတယ်"

ပုံထက်ရှိမှဲ့ငယ်ကို ရွှဲရှန်ကြည့်လိုက်သည်။ အမှန်တိုင်းပြောရလျှင် ပုံဆွဲသူမှ မတော်တဆမှင်စင်ရာ ဖြစ်နိုင်ချေကပိုများသည်။

ယခုအခါမှာတော့ ကျန်းရှီနင်သည် ပုံအောက်ခြေမှစာကို လက်ညှိုးထိုးပြီး

"ပုံတူကိုပဲကြည်မနေနဲ့..စာကိုလဲဖတ်ဉီး..အဲ့ဒီဘုန်းတော်ကြီးကပါးရိုးမောက်ပြီးလင်းယုန်နှာတံရှိတယ်လို့အသားပေးရေးထားတယ်"

စကားဆုံးသည်နှင့် လေးစုံသောမျက်ဝန်းများက ရွှမ်းမင်၏ပါးရိုးနှင့်နှာခေါင်းဆီကို ရောက်ရှိလာသည်။

ရွှမ်းမင် ; "…"

ဤကဲ့သို့ တစူးတစိုက်ကြည့်လာတာမျိုးနှင့် သူ့မှာအသားကျလှသည်မဟုတ်။ မျက်မှောင်အတန်ငယ်ကြုံ့ကာ မျက်နှာသေနှင့် ခြိမ်းခြောက်လိုသောအရိပ်အယောင်များက ထွက်ပေါ်လာသည်။

Copper Coins《铜钱龛世》Where stories live. Discover now