အခန်း ၅[ရွှေချောင်းများ ၁]

4.1K 863 47
                                    

Unicode

အစေခံ၏ခြေထောက်များသည် တိုတောင်းပေမဲ့ လျင်မြန်၏။ ငယ်ရွယ်ခြင်းကြောင့်လည်းပါမည်။ လူအုပ်ကြား၌ ပေါ့ပါးစွာပင် ဖြတ်ကျော်သွား၏။ တစ်ယောက်တည်းပြေးနေစေကာမူ သုံးလှမ်းလောက်ပြေးပြီးတိုင်း နောက်ကလိုက်လာသောအကြံပေးအား စောင့်နေရသေးသည်။ ကိုယ့်ဟာနှင့်ကိုယ်အလုပ်များနေရာ လည်ပင်းနောက်၌ ကပ်လိုက်လာသော တစ်စုံတစ်ရာကိုလည်း သတိမထားမိဖြစ်နေသည်။

ရွှဲရှန့်ခြေထောက်များသည် ရွှဲရှန့်အတွက်တော့ ကသိကအောက် ဖြစ်စရာများသာဖြစ်၏။ စက္ကူလူသားအဖြစ် ပြောင်းနေတာကိုပင် ကိုယ်တစ်ပိုင်းက လေဖြတ်နေဆဲဖြစ်သည်။ လက်နှစ်ဖက်ဖြင့်သာ စီးရန်မြင်းအသစ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

စက္ကူသည် ပါးလွှာလှ၏။ မြင်းရိုင်းပေါ်တွင် ကဆုန်ပေါက်စီးနေရသလို ဟိုလွှဲဒီလွှဲဖြစ်နေသောကြောင့် အကြံပေးအိမ်တော်မရောက်ခင် အန်မိတော့မလားပင် ထင်မိသည်။ နင်ရမ်းတိုင်းပြည်သည် ဥစ္စာဓာန ပေါကြွယ်ဝလှ၏။ ကျိုးပြတ်ယိုယွင်းနေသော ကျန်းဆေးဆိုင်အိမ်တော်နှင့်ယှဥ်လျှင် လွန်စွာကြီးမားသော အကြံပေး၏အိမ်တော်အရ ပြီးပြည့်စုံသောဘဝနှင့် နေခဲ့ရပုံပေါ်သည်။

ရှေ့မျက်နှာစာတံခါးသည် ပေါ်ပေါ်လွင်လွင်မရှိပေမဲ့ အတွင်းတွင်တော့ အတော်ပင် လက်ရာမြောက်လှသည်။

"တစ်ခုခုတော့တစ်ခုခုပဲ"

အစေခံနောက်ကျောမှ ခေါင်းပြူထွက်လာပြီး ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာစနည်းနာရင်း 'အရမ်းခန်းနားလွန်းတော့လည်းအန္တရာယ်ကိုဖိတ်ခေါ်နေသလိုပဲ' တွေးကာ သက်ပြင်းချမိသည်။

နောက်ကျောဘက်ဆီက တစ်ယောက်ယောက်မှ တိုးတိုးလေးပြောလာသံကြောင့် အစေခံလည်း လှေထားထစ်မတတ်ခင် အောက်ဆုံးထစ်မှာ တုံ့ကနဲရပ်သွားသည်။ လည်ပင်းနားဆီမှ ကပ်၍လာသော အသံဖြစ်တာကြောင့် ခေါင်းအရေပြားပင် စပ်ဖျဥ်းဖျဥ်းဖြစ်လာသည်။

"ဘယ်...ဘယ်သူပြောတာလဲ"

"ခန့်မှန်းကြည့်ပေါ့"

Copper Coins《铜钱龛世》Where stories live. Discover now