အခန်း ၄၅(ကပ်ဆိုက်သောဒေသ ၃)

1.6K 459 27
                                    

Unicode

"အွီး!"

လည်ချောင်းအထိပြည့်လျံသွားသော အောင့်သိုးသိုးအနံ့ဆိုးကြောင့် ရှီထို့ကျန်းတစ်ယောက် ချောင်းအဆက်မပြတ်ဆိုးလာသည်။ မျက်နှာမဲ့လျက် လက်တစ်ဖက်နှင့် နှာခေါင်းပိတ်ကာ အခြားလက်တစ်ဖက်က လေတယမ်းယမ်းဖြင့်

"ဘာအနံ့ကြီးလဲ? ဆေးနံ့လို့ထင်ရပေမယ့်အခြားတစ်ခုခုနဲ့ရောနေတယ်..မှိုနံ့လိုမျိုး"

"ဆေးအသစ်တွေနဲ့ဆေးဟောင်းအကျန်အကပ်တွေရောနေတဲ့အနံ့လေ"

ကျန်းရှီနင်မှ ဝင်ရှင်းပြသည်။ ထိုအနံ့မျိုးနှင့် ရင်းနီးသူဖြစ်တာကြောင့် နှာခေါင်းပိတ်ထားခြင်းမရှိ။

နေ့စဥ်နေ့တိုင်း ကျန်းအိမ်တော်အနောက်ခြမ်းအခန်းတွင် မီးဖိုငယ်များစီတန်းလျက် ဆေးတပွက်ပွက်မြည်သံများမဆဲ ဆေးနံ့ပြင်းပြင်းတို့က ခြံဝင်းတစ်ဝင်းလုံး လှိုင်လျက်ရှိခဲ့သည်။ နှစ်စဥ်နှစ်တိုင်း မိုးကာလတွင်း၌ မနက်ခင်းမှဆေးအကျန်များသည် ညနေခင်းရောက်ပြီဆိုလျှင် ပုတ်အဲ့အဲ့အနံ့များ စထွက်လာတတ်ကြ၏။ ထို့ကြောင့် ထိုအနံ့နှစ်မျိုးအရောသည် ကျန်းရှီနင်အတွက် ထူးဆန်းမနေပေ။

သို့သော်ငြား ကျန်းအိမ်တော်အကျယ်အဝန်းကို ချင်းဖင်းနယ်နှင့်တော့ နှိုင်းယှဥ်လို့မရ။ ဂိတ်တံခါးဖွင့်လျင်ဖွင့်ချင်း ဤကဲ့သို့အနံ့ပြင်းပြင်း ထောင်းကနဲထွက်လာဖို့ဆိုလျှင် အနီးအနားရှိ အိမ်ဆောင်တစ်ဒါဇင်လောက်က ဆေးအသစ်ကျိုရင်း ဆေးဟောင်းအကြွင်းအကျန်များကို စွန့်ပစ်နေမှရမည်။

【ဒီလောက်လူအများကြီးတပြိုင်နက်မကျန်းမမာဖြစ်တယ်ဆိုတာဖြစ်နိုင်ပါ့မလား?】

ရုတ်ချင်းပင် တစ်စုံတစ်ရာကို မှန်းဆမိလိုက်ကြသည်။

မြို့အတွင်းဝင်သည်နှင့် ကျန်းရှီနင်မျက်နှာက တင်းမာနေသည်။ ခြေချမိသည်နှင့် ဓားသံများထွက်ပေါ်လာပြီး မြို့စောင့်တပ်သည် ဓားများကိုဝှေ့ယမ်းကာ ပုံစံကျနေရာယူ၍ အရှေ့တွင်ပိတ်ကာလာ၏၊

Copper Coins《铜钱龛世》Where stories live. Discover now