အခန်း ၂၆[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၃]

2.1K 572 32
                                    

Unicode

ပြောင်ချော်ချော်အလုံးသည် မြိုချထားသည်များအား ပြန်အန်ထုတ်နေရင်းရေအိုင်ငယ်သည် အရှိန်နှင့်ပန်းထွက်လာသောရေများပြည့်လျက် ရွှမ်းမင်ခြေထောက်အနားကို ချဥ်းကပ်လာသည်။ အလုံးငယ်ကို စိုက်ကြည့်နေရင်း မျက်နှာထက် ဘာအမူအရာမှမရှိပေမဲ့ အသံကတော့ အားစိုက်၍ထွက်လာသည်။

"အကုန်လုံးကိုပြန်အန်ထုတ်တော့မလို့လား?"

ရွှဲရှန်သည် မသိကျေးကျွန်ပြုပြီး ဆက်လက်တပွက်ပွက်မြည်လျက် ဘုန်းတော်ကြီးအပေါ်ထားသောအမုန်းတရားများကို ခင်းကျင်းပြသနေ၏။

"ပြီးရင်အဲ့ရေထဲမှာပဲပြန်နစ်ဖို့အစီအစဥ်ရှိနေတာလား?"

ရွှဲရှန်သည် ပြန်လည်ဖြေကြားခြင်းမရှိပေမယ့် ရေများဆက်လက်ပန်းထွက်မလာတော့။

"ကလိမ်ကကျစ်ကောင်..တစ်ယောက်ယောက်ကိုဘယ်လိုရွံသွားအောင်လုပ်ရမလဲတကယ်သိတယ်"

"မြှောက်ပင့်လွန်းနေပါပြီ..ဒါပေမဲ့လည်းငါကျွမ်းကျင်တဲ့အရာတွေထဲမှာအဲ့တာမပါတာတော့အမှန်ပဲ"

ရွှမ်းမင်အကြည့်လွှဲကာ ရုပ်ထုရှိရာသို့ ဆက်လက်လျှောက်လှမ်းသွားသည်။ ရွှဲရှန်သည် ခေတ္တမျှတော့တုံ့ဆိုင်းသွားပေမယ့် အနောက်မှလိုက်ရန်ပဲဆုံးဖြတ်ကာ ရွှမ်းမင်ခြေထောက်အနား လှိမ့်ဆင်းသွားလိုက်၏။

"ငါ့ကိုချီပါလား?ဗိုက်ပြည့်နေတော့မူးရိပ်ရိပ်ဖြစ်နေတယ်"

ဂေါ်လီလုံးမျက်နှာပြင်ထက် ပေလူးနေသောရေညစ်များကို တစ်ချက်ကြည့်ကာ

"အလောင်းရေတွေခြောက်သွားရင်.."

လိမ့်လက်စဂေါ်လီလုံးလည်း ရပ်တန့်သွားသည်။

"အေး..ငါ့ကိုဒီလိုဆက်ရွံနေမယ်ဆိုရင်မင်းဆီတည့်တည့်မှန်အောင်ချိန်ပြီးအန်ပြမယ်!ယုံချင်ယုံမယုံချင်နေ!"

"ယုံပါတယ်"

ရွှမ်းမင်ခြေလှမ်းများလည်းပဲ ရပ်တန့်သွားပြီး ဂေါ်လီလုံးကို မကျေမနပ်ငုံ့ကြည့်လာသည်။ နောက်ဆုံးမှာတော့ ရွှဲရှန်ကိုငုံ့ကောက်လိုက်ပြီး ထိရတာမသတီသောပုံစံနှင့် အိတ်ကပ်အတွင်း ပစ်ထည့်လိုက်သည်။

Copper Coins《铜钱龛世》Where stories live. Discover now