အခန်း ၂၀[မျက်မမြင်ဟူးရား ၃]

2.5K 589 33
                                    

[[Unicode]]

လုနျယ်ချီသည် မျက်ရည်များကိုသုတ်ပစ်ပြီး ခေါင်းမာပြီးအကြင်နာကင်းသောမူလပုံစံက ပြန်လည်ရောက်ရှိလာ၏။ အင်္ကျီထောင့်ကိုဆုပ်ချေနေရင်း ရွှမ်းမင်နဲ့ရွှဲ့ရှန်ကိုမကြည့်ပေမဲ့ သူ့ခေါင်းသည် ကြေးခွက်ထဲတွင်ဖြည်းညှင်းစွာတောက်လောင်နေသောမီးတောက်ကို စောင်းလျက်စိုက်ကြည့်နေသည်။ ထို့နောက်ညှိုးငယ်ထိုင်းမှိုင်းစွာနှင့်

"လွန်ခဲ့တဲ့လဝက်တုန်းကလုရှီကျိုကမြစ်အလယ်မှာရှိတဲ့သင်္ချိုင်းတောင်ပူစာကျွန်းကိုသွားမယ်လို့ပြောသွားတယ်..."

ဝေါ်လုံတိုင်းပြည်တဝိုက်ရှိ မြစ်လက်တက်များသည် ပိုမိုဝေးကွာသော မြစ်အထက်ပိုင်း၊ အောက်ပိုင်းများနှင့်ယှဥ်လျှင် ရေတိမ်သလို ကျဥ်းမြောင်းပြီးရေစီးလည်းမသန်။ ကျွန်းစုများသည် ဟိုနေရာဒီနေရာအနှံ့ရှိနေ၏။ ကျွန်းငယ်များသည် အလွန်သေးငယ်လွန်း၍ လုညီအစ်ကိုတွေ၏ ကြက်ခြံကဲ့သို့သောခြံဝင်းလိုပင် ကျပ်သိပ်နေသည်။ ကျွန်းငယ်များပေါ်တွင် အဖြူရောင်သက်ကယ်မြက်များကပေါက်နေပြီး မြစ်အတွင်းမှ ရေပျော်ငှက်များနားခိုရာအဖြစ် ထောက်ပံ့ပေးလျက်။

အားလုံးထဲမှာမှတစ်ခုကတော့ မြစ်လယ်ပိုင်းတွင် ကျွန်းငယ်အရွယ်သာရှိပေမယ့် ကြီးသည်လို့တော့ယူဆလို့ရသည်။

အဝေးမှနေကာထိုကျွန်းငယ်ကို အကိုင်းအလက်များဆက်သွယ်နေသော သစ်ရိုင်းတောတစ်အုပ်ကကာရန်ထားသည်အား မြင်နိုင်ပြီး စိမ်းမြမြမန်ထိုအသွင်ပေါက်သလို သင်္ချိုင်းတောင်ပူစာအသွင်လည်းပေါက်သည်။ ထို့ကြောင့်ပဲ ဒေသခံများက မန်ထိုကျွန်းလို့ခေါ်သလို သင်္ချိုင်းတောင်ပူစာကျွန်းလို့လည်းခေါ်ကြသည်။

သာမန်သူများသည် သင်္ချိုင်းတောင်ပူစာကျွန်းကို သွားလိုခြင်းမရှိကြ။ မြက်ရိုင်းများနှင့် အမျိုးမျိုးအထွေထွေသောသစ်ပင်များသာရှိပြီး လူနေကင်းမဲ့ပြီး မှောင်မိုက်ကာ ကြိုဆိုခြင်းအလျင်းမရှိ။ သင်္ချိုင်းတောင်ပူစာကျွန်းတွင် ခြေချသောသူများသည် ဆေးဝါးဖော်စပ်ရောင်းချသူများသာရှိ၏။ ကျွန်း၏မြေဆီသည် မြေသြဇာကောင်းပြီး စိုစွတ်တာကြောင့် ဆေးပင်များအတွက်တော့ ထူးခြားကောင်းမွန်သောနေရာဖြစ်ရာ သဘာဝအလျှောက်ပေါက်နေတတ်ကြသည်။

Copper Coins《铜钱龛世》Where stories live. Discover now