အခန်း ၄၄(ကပ်ဆိုက်သောဒေသ ၂)

1.8K 451 44
                                    

Unicode

ကြီးမြတ်လှသောအရှင်ရွှဲ့သည် တကယ်တမ်းမှာ စာပန်းချီချဲ့လွန်းသူဖြစ်၏။ ထွက်ပြေးတာတောင် ချဲ့ချဲ့ကားကား ရင်သတ်ရှုမောဖွယ် လေပြင်းမုန်တိုင်း တသောသောတိုက်လျက် ပြေးလေသည်။ နည်းနည်းလေးမျှ ပြကွင်းပြကွက်များ ယုတ်လျော့သွားပါလျှင် ဂုဏ်သိက္ခာတရားများကို ထိပါးလာတော့မည့်အတိုင်း။ သို့ဖြစ်စေကာမှု ကိုယ်တစ်ပိုင်းသေနေသောကြောင့် အမြီးမှာတော့ အခက်အခဲတွေ့လျက်ရှိသည်။

"ငါဆင့်ခေါ်လိုက်တဲ့လေကြောင့်သာလမ်းကြောင်းကိုထိန်းလို့ရသွားတယ်"

ရွှဲရှန်သည် ဒူးကိုပုတ်လျက် ပျင်းရိစွာပြောသည်။ ရေကန်နံဘေးသစ်ပင်ကို ကျောမှီထားပြီး တစ်ကိုယ်လုံး၌ ရေများရွှဲနစ်နေသည်။

"လမ်းလျှောက်ရသလိုပဲ..နည်းနည်းတော့မငြိမ်မသက်ဖြစ်တာပေါ့..မခိုင်းပဲနဲ့သွားတယ်"

အဖြစ်မှန်မှာ နည်းနည်းမငြိမ်မသက်ဖြစ်တာလေးမဟုတ်။ လိုက်ပါလာသူများ ဦးနှောက်ကျွတ်ထွက်မတတ် လှုပ်ခါယမ်းနေသည်ဆိုလျှင် ပိုမှန်မည်။

တစ်လျှောက်လုံးမှာ ရှီထို့ကျန်းသည် သားရဲကောင်ကို လက်သည်းများဖြင့် ပို၍တင်းတင်းဖမ်းဆုပ်ထားရန် အသည်းအသန်ပြောဆိုနေခဲ့၏။ သူ့အတွေးမှာ––ငါ့မှာသာခြေလက်ရှစ်ချောင်းရှိရင်ဒီတစ်ယောက်လက်သည်းတွေကိုပြည်ကြီးငါးလိုတွယ်ထားလို့ရမှာပဲ!

ပျံသန်းနေစဥ် ရွှဲရှန်လှုပ်ရှားသွားတိုင်း ပို၍မြင့်သောနေရာသို့ပျံတက်တိုင်း လေဟုန်စီးနေရသည့်အပေါ် ပီတိဖြာမိသလို ကြောက်လန့်မိတာကြောင့်လည်း အော်ဟစ်ငိုယိုပြန်သည်။ ပထမဆုံးအကြိမ်ကြုံဖူးသောဖြစ်စဥ်မှာ ကိုယ်တွင်းမှဝိညာဥ်ကင်းကွာသွားသည်အထိ ကြောက်ခမန်းလိလိပင်။

ကောင်းကင်ယံထက်ပျံသန်းနေချိန်ဝယ် ကျန်းရှီနင်တစ်ယောက် သူ့ကိုယ်သူ အလွန့်အလွန်ကံကောင်းလှပြီး အကြားအမြင်ပေါက်နေသောသူလို့တောင် တွေးထင်နေသည်။ တည်းခိုဆောင်မှာတုန်းက စက္ကူလူသားအဖြစ်ပြန်ပြောင်းပြီး လုညန့်ချီအိတ်ကပ်ထဲဝင်နေခဲ့သည်။ ပေါ့ပါးသောကျန်းရှီနင်အတွက် အိတ်ကပ်သည် လုံခြုံသောနေရာဖြစ်ပြီး ပြုတ်ကျမှာကိုမစိုးရိမ်ရတာကြောင့် ရှီထို့ကျန်းလိုမျိုး အရှက်တကွဲအော်မိတာမျိုးလည်းမရှိတော့။

Copper Coins《铜钱龛世》Where stories live. Discover now