အခန်း ၃၈[ဇာတ်သဘင်အဖွဲ့ ၃]

1.9K 505 68
                                    

Unicode


ကွမ်းယင်မြစ်ဆိပ်နှင့် မြောက်အရပ်ရှိ အနီးဆုံးမြို့အကြား တောင်ငယ်များစွာ တည်ရှိသည်။ ဆီးနှင်းများကြောင့် ချောနေသောတောင်တက်လမ်းများကို မနည်းဂရုတစိုက်ရှေ့ဆက်သွားနေရသည်။ အချို့လမ်းများဆိုလျှင် နှင်းများနှင့်အပြီးတိုင်ပိတ်ဆို့နေ၍ ခရီးသွားများမှာ အခြားလမ်းကိုပဲ လှည့်ပြန်ရသည်။

အမာရွတ်နှင့်အမျိုးသား ထိပ်တိုက်ရင်ဆိုင်တွေ့သော အခြေအနေမှာ ထိုအတိုင်းပင်။

ရှေ့ဆုံးကရထားလုံးသည် အန္တရာယ်များလှသော အနေအထားနှင့် ရပ်တန့်သွား၏။ မက်စောက်သောချောက်ကမ်းပါးနှင့် တစ်ကျန့်အကွာအဝေးသာ လှမ်းသည်။ အရင်တုန်းက ဤချောက်ကမ်းပါးကိုဖြတ်၍ တံတားနှစ်ဆင်းရှိပြီး အရှေ့အရပ်နှင့် အနောက်အရပ်ကို ဆက်လက်ခရီးဆက်နိုင်သည်။

"ဘာဖြစ်လို့လဲ"

ရွှမ်းမင်လည်တိုင်တွင် အအေးခံနေသော ရွှဲရှန်သည် စိတ်အခြေအနေကောင်းလာပုံရ၏။ ရထားလုံးအတွင်း ဘာမှမဖြစ်နေသလိုမျိုးနှင့် တံခါးကိုဖွင့်ကာ ခေါင်းထုတ်ပြီး အရှေ့ကအဖွဲ့ကို အော်ပြောလိုက်သည်။

"အကူအညီလိုလား?"

အရှေ့ဆုံးတွင်ရှိသော အမာရွတ်နှင့်သူက ပြန်ဖြေလာသည်။

"အဆင်ပြေတယ်..ဖြတ်ဖို့လုပ်ထားတဲ့တံတားကကျိုးသွားပြီ..နောက်တစ်လမ်းရွေးမှရတော့မယ်"

ရှေ့ဆုံးကမြင်းဆီမှ လွန်စွာဒေါသပုန်ထနေသောပုံစံနှင့် ကျယ်လောင်လှသောဟီသံသည် ရပ်မသွားသေး။ အမာရွတ်နှင့်အမျိုးသားသာ အချိန်မှီမရပ်တန့်နိုင်လိုက်လျှင် အနှီမြင်းသည် ချောက်ထဲကို ရထားလုံးများကိုပါ တစ်ပါတည်းဆွဲပြီး ဆင်းသွားလောက်ချေပြီ။

"တံတားကဘာလို့များကျိုးသွားရတာလဲ?"

အရှေ့တွင်ရှိသောရထားလုံးထဲမှ အဘိုးအိုတစ်ယောက် ဆင်းလာသည်။

"လမ်းကြောင်းအမှန်ကိုရွေးလာတာကောဟုတ်ရဲ့လား?ငါဘာပြောခဲ့လဲ?လမ်းပြဖို့အဲ့ဒီမြင်းအိုတွေလိုတယ်ဆိုတာ"

Copper Coins《铜钱龛世》Where stories live. Discover now