အခန်း ၄၇(တာ့ရှန်းရမ် ၂)

1.7K 461 33
                                    

Unicode

လက်ဖက်ရည်အိုးတင်ထားသောလင်ဗန်းကိုသယ်၍ အိမ်တော်အတွင်းမှထွက်လာသော ချန်းရှူနှင့်ချန်းဆောင်ခမျာ လဲပြိုမတတ် ထိတ်လန့်သွားရှာသည်။ လင်ဗန်းမှာ ကြမ်းပြင်ထက်ပြုတ်ကျသွားပြီး တစ်စဆီကွဲကျေသွားသော ကြွေစကြွေနများက လေထဲပျံဝဲကုန်သည်။ အချို့သောအပဲ့အစများသည် ရှီထို့ကျန်းနှင့် ရွှမ်းမင်ခြေထောက်အနားတောင် ထိခတ်လာ၏။ သို့သော်ငြား ထိုဇနီးမောင်နှံမှာ တောင်းပန်ရန်တောင် စိတ်မကပ်နိုင်သေး။

"တစ်ခုခုဖြစ်တယ်တဲ့လား?"

ချန်းရှူ၊ ချန်းဆောင်နှင့် ရှင်းဇီတို့၏ အော်သံငိုသံများအပြင် ပုန်းကွယ်နေသောကျန်းရှီနင်အသံကလည်း ရောထွေးလို့နေသည်။

ပွက်လောရိုက်နေသောအခြေအနေကြောင့် ဘယ်သူမှ သူ့ကိုသတိမထားမိကြ။

"ဘာဖြစ်တာလဲ?"

သတင်းလာပေးသောသူငယ်၏လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ချန်းဆောင်မေးလိုက်သည်။

"လူလေး! ပြောလေ! ဘာလို့မင်းတစ်ယောက်တည်းပြန်လာတာလဲ?"

"ရှောင်ယဲ့... "

ထိုကလေးက အသက်မနည်းရူနေရသည်။ လမ်းတစ်လျှောက်အပြေးလာခဲ့ပုံရပြီး အလောသုံးဆယ်ပြောလာသောစကားများက အဆီအငေါ်မတည့်လှ။ အသက်ပြင်းပြင်းရှုလျက် အသိစိတ်ပြန်ကပ်လာပြီးမှ

"ပြန်လာရင်းနဲ့ကျီချင်းလမ်းပေါ်အရောက်သူတောင်းစားခုနှစ်ယောက်ရှစ်ယောက်လောက်ထွက်လာပြီးရှောင်ယဲ့နဲ့ရှောင်ဖုရမ်ကိုဖမ်းခေါ်သွားကြတယ်..ဖြစ်သွားတာကအရမ်းမြန်တော့ကြည့်ရတာကျွန်တော်တို့အလာကိုစောင့်နေကြတဲ့ပုံ!"

"ဘာ!"

အားလုံးထံမှ အာမေဍိတ်သံထွက်ပေါ်လာသည်။

"ခေါ်သွားတယ်? ဘယ်ကိုခေါ်သွားတာလဲ?"

"ကျွန်... ကျွန်တော်မသိဘူး––"

ငိုတော့မည့်ဟန်ကလေး၏အသံ၌ အရှက်ရ၍ လိပ်ပြာမလုံမလဲဖြစ်နေခြင်းများက ရောယှက်ပါလာသည်။

"ရှောင်ယဲ့နဲ့ရှောင်ဖုရမ်ကဘေးကိုတွန်းလိုက်လို့မြေကြီးပေါ်လဲသွားတယ်..ကျွန်တော်လည်းပြန်ထရောသူတို့တစ်ယောက်မှမရှိတော့ဘူး..နောက်ကလည်းလိုက်လို့မရ..ရှာလို့တောင်မတွေ့ဘူး..ကျွန်တော်တကယ်အသုံးမကျဘူး..."

Copper Coins《铜钱龛世》Where stories live. Discover now