အခန်း ၅၅(ရှေးဗုံသံ ၂)

1.8K 443 32
                                    

Unicode

ရွှဲရှန် ဝတ်ရုံကို ပြင်ဝတ်ပြီးသွားပြီဖြစ်ပေမယ့် ရွှမ်းမင်ဆက်မသွားပဲ ရပ်တန့်လို့နေသည်ကို မြင်သွား၏။ ကုလားထိုင်မှာထိုင်နေရင်း နောက်သို့ငဲ့ကြည့်ကာ

"ဘာလို့မသွားပဲရပ်နေတာလဲ?"

ရွှမ်းမင်သည် အကုသခံထားသော လက်ကိုမြှောက်၍

"နဂါးသွားရည်ကိုလူတွေဘယ်နေရာမှာအသုံးပြုကြလဲဆိုတာသိလား?"

ရွှမ်းမင်ပုံစံက တည်ငြိမ်လှပေမယ့် လေယူလေသိမ်းမှာ ရှုပ်ထွေးလှသော ခံစားချက်များ တသီတသန်း ဖြတ်သန်းနေသည့်နှယ် တမျိုးတမည် မှားယွင်းလို့နေသည်။ ရွှဲရှန် မျက်နှာမဲ့သွား၏။

【ဒီကတုံးဟာတကယ်ပဲငါမပြောချင်တဲ့ဟာဆိုရင်အစဖော်လိုက်ရမှ! အခုလူပုံစံနဲ့ကျတော့ကိုယ်လုပ်ခဲ့တာကိုပြန်တွေးလိုက်ရင်တမျိုးကြီးပဲ】

အဟမ်း

ရွှဲရှန်မှာ မျက်နှာထားကို ပြန်လည်တည်တံ့လိုက်ပြီး ကိုယ့်သိက္ခာပြန်ဆယ်လို့ရအောင် တစ်ခုမဟုတ်တစ်ခုကို ကြံဖန်ပြောလိုက်သည်။

"ငါ့သွားရည်ပဲ..လူတွေဘယ်နေရာမှာသုံးကြလဲငါကဘာလို့သိချင်ရမှာလဲ?"

ပြီးလျှင်

"ဒဏ်ရာပျောက်ကင်းတဲ့နေရာမှာအသုံးဝင်တယ်..ဒါပဲငါသိတယ်..ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကျိတ်ပြီးဆေးအဖြစ်လုပ်ရောင်းမှာလဲမဟုတ်ပဲနဲ့..ရူးနေတာမလို့လား?"

ရွှမ်းမင်ကို ဒေါသတကြီးစိုက်ကြည့်ပြီး အရှေ့ကို ပြန်လှည့်သွားသည်။ ပြီးလျှင် ကုလားထိုင်လက်တင်ကို စိတ်မရှည်စွာ ခေါက်လျက်

"မင်းဒဏ်ရာကိုကုသပေးခဲ့တယ်..ကျေးဇူးမတင်လည်းအရေးမဟုတ်ဘူး..မဟုတ်တာတွေလျှောက်ပြောမနေနဲ့..သွားမယ်!"

ရွှဲရှန်ရည်ရွယ်ထားသည်မှာ စိတ်ဆိုးသွားကြောင်း ပြသရန်ဖြစ်သည်။ ဒဏ်ရာကို လျက်ပေးခဲ့သည့် ကိစ္စရပ်ကို ရွှမ်းမင်မေ့ပျောက်သွားလောက်အောင် သူ့လေသံက တင်းမာနေလျှင်ရပြီ။
   
အကြံအတိုင်း ဖြစ်မြောက်သွားရှာသည်။ ရွှဲရှန်သည် ရွှမ်းမင်ကို မျက်လုံးထောင့်ကနေ ခိုးကြည့်နေရင်း ရွှမ်းမင် လက်ခါလျက် ပြန်ချထားလိုက်သည်ကို တွေ့၏။

Copper Coins《铜钱龛世》Where stories live. Discover now