အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]

3.9K 644 123
                                    

Unicode


လက်ညှိုးလေးတောက်လိုက်ရုံနှင့် ရွှမ်းမင်အဝတ်မှာ ရုတ်ချင်းပင်ခြောက်သွေ့သွား၏။ အိတ်အတွင်းရှိ ခြောက်သွေ့သွားပြီဖြစ်သော ကျန်းရှီနင်ကို ထုတ်ယူလိုက်ပြီး လှေများစုဝေးလာသောမြစ်ဆိပ်ဆီသို့ ပြန်လျှောက်သွားသည့် လုနျယ်ချီနောက် လိုက်သွားသည်။

ရွှမ်းမင်လက်ကောက်ဝတ်တွင် ပတ်ခွေရင်း ကျိုးပဲ့လွယ်သောအမြှီးသည် ဘုန်းတော်ကြီးဝတ်ရုံလက်ခွံစွန်း၌ အိတွဲကျနေသည်။ ခေါင်းငယ်လေးအပြင်ထွက်လို့ရအောင် ရွှဲရှန်ကိုယ့်ကိုယ်ကို နေရာပြန်ချလိုက်သည်။ ပြီးလျှင် လုနျယ်ချီကို လှမ်းကြည့်လိုက်သည်။

အရင်တုန်းက လွန်စွာပိန်လှီပြီး အရပ်မထွက်သော်လည်း လုရွှီကျိုထက်ပိုပြီး အနည်းငယ်မျှတော့ အသက်ဝင်ပုံပေါ်သည်။ နေရာအနှံ့လျှောက်သွားနေတတ်ပြီး ခေါင်းမာသောစိတ်နေသဘောထား ရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ အမြဲတစေခွန်အားပြည့်တက်ကြွနေတတ်ပြီး ဥာဏ်ထိုင်းသော ကောင်စုတ်လေးဖြစ်သည်။

သို့ပေမဲ့ အခုလက်ရှိမှာတော့ ခြေတစ်လှမ်းလှမ်းဖို့တောင် မနည်းအားယူနေရသည်။ တစ်လှမ်းချင်းကို ဖြည်းဖြည်းချင်းလှမ်းနေပေမဲ့ ခြေဖဝါးသည် မြေပြင်ကိုထိလိုက်သည်နှင့် ဘယ်ဖိအားကမဆို ကြီးစွာသောဝေဒနာကို ပေးနေဟန်ဖြင့် ချက်ချင်းပင်ပြန်မြှောက်၏။ လုလင်ငယ်ကို ကြည့်ရသည်မှာ မခံမရပ်နိုင်သောဝေဒနာကို သယ်ဆောင်ထားရသည့်နှယ်။

ခြေလှမ်းတစ်ဒါဇင်မျှသာ လှမ်းရသေးပေမဲ့ သူ့မျက်နှာသည် စက္ကူနှယ်ဖြူလျော်လာပြီး မြစ်ရေမှလေအေး၏ တိုက်ခတ်မှုကိုခံနေရသော နဖူးပြင်ထက် ချွေးများသီးလာတော့သည်။

"ခုနတုန်းကနေလို့မကောင်းဘူးလို့ပြောခဲ့တယ်မလား..ဘာကိုဆိုလိုတာလဲ?"

လုလင်ငယ်၏အသွင်ကိုကြည့်ပြီး ပူဆွေးသောကများကြောင့် ဝေဒနာခံစားနေရခြင်းမဟုတ်ဟု ထင်မြင်မိပြီး ရွှဲရှန်မတတ်သာပဲ ထုတ်မေးလိုက်သည်။

လုနျယ်ချီနှုတ်ခမ်းသားများမှာလည်း သွေးဆုတ်ဖြူလျော်နေသည်။ သူ့ပုံစံမှာ သေလုမျောပါးဝေဒနာနှင့် အဖျားတတ်နေသည့်နှယ်။ မျက်နှာမှာ ဖြူဆုတ်လာလေလေ မျက်လုံးများမှာ ပိုမိုမည်းနက်လာလေလေပင်။ ကျန်ခဲ့သောအလင်းစမှာလည်း မကြာခင်ခုန်ထွက်တော့မည့်အတိုင်း။ သက်ရှိလူတစ်ယောက်နှင့် လားလားမှမတူ။ လူငယ်၏မျက်တောင်များ တဖျက်ဖျက်ခတ်လာပြီး ခြောက်သွေ့နေသောနှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ ခေါင်းကိုယမ်းကာ ပြောလာသည်က

Copper Coins《铜钱龛世》Where stories live. Discover now