1

8.2K 178 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 1

" မင်းက တကယ်ကောင်းကျိုးမပေးတဲ့ကောင်မလေးပဲ ပင်းပင်း "

1.

" နေဘုန်း ... reception မှာ မင်းဧည့်သည်ရောက်နေတယ် "

ဟူသော သူငယ်ချင်းဖြစ်သူ၏စကားကြောင့် ကျွန်တော် မျက်မှောင်ကြုံ့ကာ ဧည့်ကြိုကောင်တာဆီသို့ ထွက်လာခဲ့လိုက်သည် ။ လူကိုပင်မမြင်ရသေး

" ကိုကို "

ဟု ခေါ်လိုက်သောအသံနှင့်အတူ လက်မောင်းကိုဖက်တွယ်လာသော အထိအတွေ့ကြောင့် အသံပိုင်ရှင်ကို ကြည့်လိုက်သည် ။ ပင်းပင်းဟုခေါ်သော ရှမ်းတရုတ်မလေးက ရယ်ပြကာ

" နေ့လည်ရောက်နေပြီ ... ထမင်းသွားစားရအောင် "

ဟု ပြောသည် ။ စောစောကပင် အိမ်မှလာပို့ပေးသောထမင်းချိုင့်ကို စားပြီးပြီဖြစ်သော်လည်း ပင်းပင်း၏စကား/တောင်းဆိုချက်ဟူသမျှကို တတ်နိုင်သလောက် ဖြည့်ဆည်ပေးရမည်ဟူသော မာတာမိခင်ကျေးဇူးရှင်၏ စကားကြောင့်

" ဘယ်မှာစားမှာလဲ ... ကန်တင်းမှာပဲလား "

ဟု မေးလိုက်သည် ။ ထိုအခါ ပင်းပင်းက ပြုံး၍

" မဟုတ်ဘူး ... အပြင်မှာ "

ဟု ဖြေသည် ။ ပြီးမှ

" အရမ်းစားကောင်းတဲ့ဆိုင်တွေ့ထားတာမို့လို့ အတူသွားရအောင် "

ဟု ထပ်ပြောသည် ။ ထို့ကြောင့် လက်ထဲတွင်ကိုင်ထားသောနားကြပ်ကို အိတ်ထဲထိုးထည့်လိုက်ပြီး ကောင်တာတွင်ထိုင်နေသော ဧည့်ကြိုအစ်မကို

" အစ်မ ... အပြင်ခဏလိုက်သွားအုံးမယ် "

ဟု ပြောကာ ပင်းပင်းဆွဲခေါ်ရာဆီသို့ လိုက်လာခဲ့လိုက်သည် ။

2.

" မစားနဲ့တော့ "

ဟု ပြောကာ လက်ထဲမှဇွန်းနှင့်ခက်ရင်းကို ဆွဲလုသွားသော ပင်းပင်းကို ကျွန်တော် နားမလည်စွာကြည့်လိုက်မိသည် ။ ပင်းပင်းက ဆူပုတ်ပုတ်မျက်နှာပေးနှင့် ထိုင်နေသောကြောင့် စိတ်ရှုပ်စွာဖြင့်

My boyfriend is a doctor (10)Where stories live. Discover now