14

1.2K 45 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 14

" သူကနင့်လိုပဲ မြန်မာနိုင်ငံကလာတာတဲ့ "

1.

မနက်ပိုင်းက သွားလည်သင့်သည့်နေရာများကို သွားလည်ကြပြီးပြီဖြစ်၍ နေ့လည်စာစားပြီးနောက် ရိုစီတို့က အိမ်ပြန်နှင့်ပြီး ကျွန်တော်က ဦးစစ်နှင့်အတူ ဦးစစ်အိမ်သို့ လိုက်ရအုံးမည်ဖြစ်သောကြောင့် ရိုစီတို့နှင့် စားသောက်ဆိုင်တွင်ပင် လမ်းခွဲလိုက်ကြသည် ။

ဦးစစ်နှင့်တွေ့ပြီး ဦးစစ်၏အမျိုးသမီးကိုပါ ဝင်မတွေ့လျှင် မကောင်းတတ်သောကြောင့် ရိုစီတို့နှင့်တွေ့ပြီးနောက် ဦးစစ်အိမ်သို့ လိုက်လာခဲ့ခြင်းဖြစ်သည် ။ ဦးစစ်၏အမျိုးသမီးက မေမေနှင့်အတော်ရင်းနှီးပြီး သားသမီးမရှိသည့်အပြင် ကျွန်တော့်အား အတော်ချစ်ခင်သူဖြစ်သောကြောင့် ဦးစစ်၏အမျိုးသမီးနှင့်တွေ့မိလျှင် တော်တော်နှင့်စကားစမပြတ်တော့ ။ ဦးစစ်က အတင်းစကားစဖြတ်ကာ ကျွန်တော့်အား အတင်းပြန်လိုက်ပို့သောအခါမှ စကားစပြတ်တော့သည် ။

ယနေ့တွင်လည်း ဦးစစ်က အတင်းစကားစဖြတ်သောကြောင့်သာ အိမ်သို့ပြန်ရန် အခွင့်အရေးရခြင်းဖြစ်သည် ။ ယခင်အခေါက်များက ကျွန်တော်က လန်ဒန်မြို့ထဲတွင်တည်းခြင်းဖြစ်သောကြောင့် ဟိုတယ်အထိ ဦးစစ်ပြန်လိုက်ပို့ရသည်မှာ အခက်အခဲမရှိ ။ ယခုတွင်မူ ကျွန်တော်ငှါးနေသည့် နေရာအထိ လိုက်ပို့ပေးခိုင်းရန်အားနာသောကြောင့် ဘူတာရုံအထိသာ လိုက်ပို့ခိုင်းပြီး ရထားစီးကာ အိမ်ပြန်မည်ဟု စိတ်ကူးလိုက်သည် ။

2.

ညနေပိုင်းဖြစ်သောကြောင့် အလုပ်ပြန်သည့်လူများ ၊ အိမ်ပြန်သည့်လူများနှင့် ရထားပေါ်တွင် လူအနည်းငယ်ကြပ်သည် ။ ကျွန်တော်စီးရမည့်ခရီးမှာ အနည်းငယ်ဝေးသောကြောင့် အရှေ့ဘက်သို့တိုးလာလိုက်သည် ။ ရထားတစ်စီးလုံး ထိုင်နေသူများ ၊ ထနေသူများနှင့် ပြည့်နေသော်လည်း ကျွန်တော်ရပ်နေသည့်အနားမှ ခုံသုံးခုံမှာမူ ထိုင်သူမရှိပဲ လွတ်နေသည် ။ ထို့ကြောင့် ကျွန်တော်လည်း ထိုသုံးခုံအနက်မှ တစ်ခုံတွင်ဝင်ထိုင်လိုက်သည် ။ ထိုစဉ်

My boyfriend is a doctor (10)Where stories live. Discover now