2

2.4K 87 4
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 2

" အမျိုးသမီးတွေ အဲ့ဒီလေါက်အလုပ်ရှုပ်ရင် မိန်းမ,မယူတော့ဘူး ... ယောက်ျားသာယူလိုက်တော့မယ် "

1.

ဆေးရုံရောက်ရောက်ချင်း စီနီယာဒေါက်တာမမက

" ဘုန်းခန့် ... အုပ်ကြီးက ခဏလာအုံးတဲ့ "

ဟု ပြောသဖြင့် ကျွန်တော် အူကြောင်ကြောင်ဖြစ်သွားသည် ။ အပြစ်ရှိသူ ၊ အမှားလုပ်မိသူတို့ကိုသာ ခေါ်တွေ့လေ့ရှိသော ဆေးရုံအုပ်ကြီးက ယခု ကျွန်တော့်အားခေါ်သဖြင့် ကြက်သီးထသွားမိသည် ။ တစ်ဆက်ထဲမှာပင်

" ငါမနေ့ကဘာအပြစ်လုပ်ထားမိသေးလဲ "

ဟု စဉ်းစားနေမိသည် ။ ထိုသို့စဉ်းစားနေသော်လည်း ဦးဏှောက်ထဲမှ မည်သည့်အရာမှထွက်မလာသောကြောင့် ဆက်မစဉ်းစားတော့ပဲ ဆေးရုံအုပ်ကြီး၏ အခန်းရှေ့တွင် မတ်တပ်ရပ်ကာ အခန်းတံခါးကိုခေါက်လိုက်သည် ။ ဆေးရုံအုပ်ကြီး၏

" ဝင်လာခဲ့ပါ "

ဟူသော ခွင့်ပြုစကားရသောအခါမှ အခန်းထဲဝင်လာခဲ့လိုက်သည် ။ အခန်းထဲရောက်၍ ဆေးရုံအုပ်ကြီးကိုမြင်သည်နှင့်

" ဆရာကြီး ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ "

ဟု ပြောလိုက်သည် ။ ထိုအခါ ဆေးရုံအုပ်ကြီးက ကျွန်တော့်ကိုပြုံးပြပြီး

" ထိုင်ပါအုံး မောင်နေဘုန်းခန့် "

ဟု ဆိုသည် ။ ထို့ကြောင့် ကျွန်တော်လည်း

" ဟုတ်ကဲ့ ဆရာကြီး "

ဟု ပြော၍ ခုံတွင်ဝင်ထိုင်လိုက်သည် ။

2.

" ဗျာ ... အင်္ဂလန်ကိုသွားရမဲ့လူတွေထဲမှာ ကျွန်တော်ပါနေတာလား "

မယုံနိုင်ခြင်းများစွာနှင့် မေးခွန်းထုတ်လိုက်သော ကျွန်တော့်ကို ဆေးရုံအုပ်ကြီးက ပြုံး၍ခေါင်းညိတ်ပြကာ

" ဟုတ်တယ် မောင်နေဘုန်းခန့် "

ဟု ပြောသည် ။ ထို့နောက်

" မင်းရဲ့အရည်အချင်း ... မင်းရဲ့စိတ်ဓာတ် .. အလုပ်အပေါ်မှာထားတဲ့မင်းရဲ့ခံယူချက် ... မင်းရဲ့ထက်မြတ်မှု ... ဒါတွေကို ဆရာသုံးနှစ်လုံးလုံးလေ့လာပြီးမှ မင်းကိုထောက်ခံပေးခဲ့တာ "

My boyfriend is a doctor (10)Hikayelerin yaşadığı yer. Şimdi keşfedin