27

1K 36 6
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 27

" ရည်းစားရှိနေတဲ့လူက အခုလိုမင်းနဲ့ထိုင်စကားပြောနေဖို့ အချိန်ရှိပါ့မလား "

1.

ကျွန်တော် ဖုန်းသုံးနေသည်မှာ အချိန်မည်မျှကြာသွားသည်မသိ ။ ဂျင်မီက

" နိုအာ ... နေ့လည်စာစားရအောင် "

ဟု ပြောကာ နေ့လည်စာအတွက်ပြင်ဆင်ထားသည့်ပန်းကန်များကို ယူလာသောအခါမှ အာရုံက ဂျင်မီ့ထံသို့ ပြန်ရောက်သည် ။

ချွေးတလုံးလုံးဖြင့် အိမ်ရှင်ထီးပုံစံပေါက်နေသော ဂျင်မီ့ပုံစံက ရယ်စရာကောင်းနေသောကြောင့် ကျွန်တော် ခွိကနဲရယ်လိုက်မိသည် ။ ပြီးမှ ဖုန်းကိုထုတ်၍

" ငါ့အိမ်ရှင်ထီးလေးရဲ့ဒီပုံကို မှတ်တမ်းတင်ထားရအောင် "

ဟု ပြောကာ ဂျင်မီ့ကို ဓာတ်ပုံရိုက်ထားလိုက်သည် ။ ကျွန်တော်ဘာလုပ်လုပ် မငြိုငြင်သောဂျင်မီက ဓာတ်ပုံအရိုက်ခံပြီးသောအခါမှ

" ပြီးရင် စားရအောင် ... အေးသွားရင်မကောင်းပဲနေလိမ့်မယ် "

ဟု ပြောသည် ။

2.

နေ့လည်စာစားပြီးသောအခါမှ ဂျင်မီနှင့် ကျွန်တော် အေးအေးဆေးဆေးထိုင်ဖြစ်ကြသည် ။ ဂျင်မီက ဆေးပညာနှင့်ဆိုင်သော စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသည့် ကျွန်တော့်ဘေးတွင်ဝင်ထိုင်ကာ

" နိုအာ ... မင်းရည်းစားရနေပြီလား "

ဟု ဆိုင်းမဆင့် ဗုံမဆင့်ထမေးသည် ။ ထို့မေးခွန်းကြောင့် ကျွန်တော် အော်ရယ်လိုက်မိသည် ။ ပြီးမှ

" ပြောပါအုံး ... ရည်းစားရှိနေတဲ့လူက အခုလိုမင်းနဲ့ထိုင်စကားပြောနေဖို့ အချိန်ရှိပါ့မလား "

ဟု မေးလိုက်သည် ။ ကျွန်တော့်မေးခွန်းအဆုံးတွင် ဂျင်မီက

" ဒါဖြင့် ... မင်းအမေဖြုတ်ခိုင်းတာတောင်မဖြုတ်ခဲ့တဲ့ မင်းရဲ့အကွင်းတွေကို ဘာဖြစ်လို့ဖြုတ်လိုက်တာလဲ "

ဟု မေးသည် ။ ထို့နောက်

" စောစောက အိပ်ရာခင်းတွေ စောင်တွေကရော ... မလျှော်ပဲဘာဖြစ်လို့ ဒီအတိုင်းသိမ်းလိုက်တာလဲ "

My boyfriend is a doctor (10)Where stories live. Discover now