13(Z)

550 10 0
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 13

" ငါးနှစ်ကလေးလိုလုပ်မနေနဲ့ "

1.

အချိန်နှစ်ပတ်ကျော်ကြာသည်အထိ ပင်းပင်းနှင့်ကျွန်တော် အဆက်အသွယ်မရသေး ။ ထို့ကြောင့် မေမေမှတဆင့်ပင် ပင်းပင်းအား တောင်းပန်သည့်အကြောင်း မျက်နှာပူပူနှင့် ပြောခိုင်းလိုက်ရသည် ။မေမေပြောပြီး တစ်ပတ်ကြာသည့်အချိန်အထိ ပင်းပင်းက အဆက်အသွယ်မလုပ် ။

သို့သော် ..
ပင်းပင်းအဆက်အသွယ်လုပ် မလုပ်က ကျွန်တော့်အတွက် အထူးအရေးမကြီးသောကြောင့် စိတ်ထဲသိပ်မရှိ ။ သွားစရာရှိသည်သွား၍ လုပ်စရာရှိသည်ကိုသာလုပ်နေလိုက်သည် ။ ထိုသို့နေလာရင်း ရိုစီအပါအဝင် အခြားမိတ်ဆွေများက ယခုလာမည့်အားလပ်ရက်တွင် လန်ဒန်သို့ဆင်းကာ လျှောက်လည်ကြမည်ဟုစွယ်သည် ။ ပင်းပင်းနှင့်အဆက်အသွယ်ရှိနေသေးလျှင် ထိုဖိတ်ကြားမှုကို လက်ခံမိမည်မဟုတ်သော်လည်း ယခု ပင်းပင်းနှင့် မခေါ်သောကြောင့် အထီးကျန်နေသည် ။ ထို့ကြောင့် ဖိတ်ကြားမှုကို အလွယ်တကူပင် လက်ခံလိုက်သည် ။

2.

ဟားလိုးတွင်နေရသည်က ယခင်ဆေးရုံတွင်နေရသည့်အချိန်ကထက်ပို၍ စိတ်သက်သာရာရသည်ဟု ကျွန်တော်ထင်မိသည် ။ ဟားလိုးမှဆေးရုံက ယခင်ဆေးရုံထက်ပို၍ လူနာအလာများသော်လည်း ယခင်ဆေးရုံကကဲ့သို့ ဆရာဝန်မလောက်ငသည့်ပြသနာမရှိ ။ အနားယူရန်အချိန်လည်း ပြည့်ပြည့်ဝဝရသဖြင့် ကျွန်တော့်တွင် အားလပ်ချိန်အတော်ပိုနေသည် ။ ထို့ကြောင့် အားလပ်ရက်ရသည့်နေ့တွင် ဂျင်မီတို့နှင့်တွေ့ရန် လန်ဒန်သို့ခတ္တဆင်းမည်ဟု စိတ်ကူးထားလိုက်သည် ။ စိတ်ကူးထားသည့်အတိုင်းပင် အားလပ်ရက်ရသည့် သောကြာနေ့တွင် လန်ဒန်သို့ ဆင်းလာခဲ့လိုက်သည် ။

ယခင်တစ်ခါတွေ့ကြစဉ်က ဂျင်မီ့အိမ်၌ တွေ့ကြပြီးပြီဖြစ်၍ ယခုတစ်ခေါက် အပြင်တွင်တွေ့ကြရန်စိတ်ကူးကာ ဂျင်မီ့အိမ်အနားတွင်ပင်ရှိသော စားသောက်ဆိုင်တွင် ချိန်းဆိုထားလိုက်ကြသည် ။

3.

ရိုစီတို့နှင့် လန်ဒန်မျက်လုံးထဲမှ ထွက်လာသောအခါ နေ့လည်စာစားချိန်ပင် ရောက်နေပြီဖြစ်သည် ။ ထို့ကြောင့်

My boyfriend is a doctor (10)Opowieści tętniące życiem. Odkryj je teraz