22

1.1K 34 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 22

" ကိုကြီးနော် "

1.

နိုအာသတိရလာပြီဖြစ်ကြောင်း နိုအာ့အမေထံသို့ ဖုန်းဝင်လာသဖြင့် ကျွန်တော်တို့နှစ်ယောက်စလုံး နိုအာ့အခန်းဆီသို့ ပြန်ပြေးလာခဲ့ကြသည် ။ အခန်းထဲရောက်သောအခါ နိုအာက ကုတင်ပေါ်တွင် ငြိမ်သက်စွာလှဲနေသည် ။ လက်တွင် ဆေးပိုက်သွယ်တန်းထားသည်ကို တွေ့ရသဖြင့် စိုးရိမ်သွားကာ အနီးတွင်ရပ်နေသည့် နိုအာ့အမေ၏လူကို

" နိုအာ့အခြေအနေဘယ်လိုရှိလဲ "

ဟု မေးလိုက်သည် ။ ကျွန်တော့်မေးခွန်းကို နိုအာ့အမေ၏လူက

" ဆရာဝန်ပြန်လာပါလိမ့်မယ် ဒေါက်တာနေဘုန်းခန့် "

ဟု ဖြေသည် ။ ကျွန်တော် နောက်ထပ်စကားမဆိုရသေးခင်မှာပင် ဆရာဝန်က အခန်းထဲဝင်လာသဖြင့် စကားစပြတ်သွားသည် ။

2.

" သားရယ် ... မေမေဖြင့်ပြာသွားတာပဲ "

ဟု ပြောကာ စိတ်ပူနေသောမေမေ့ကိုပင် ကျွန်တော် ဂရုမစိုက်နိုင် ။ အလိုက်တသိဖြင့် အခန်းထဲမှ ထွက်သွားပေးသော ကိုကြီး၏ကျောပြင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည် ။ မေမေက

" ဘယ်လိုဖြစ်လို့ ရေနစ်ရတာလဲကွယ် ... သားဒီလေါက်ရေကြောက်တတ်တဲ့ဟာကို "

ဟု ထပ်ပြောသောအခါမှ အာရုံက မေမေ့ဆီပြန်ရောက်လာပြီး

" သားဘာမှမဖြစ်ပါဘူး မေမေရယ် ... ဒီအတိုင်း accident သေးသေးလေးတစ်ခုဖြစ်သွားတာပါ "

ဟူ၍ အပြုံးနှင့် ပြောလိုက်သည် ။

ကျွန်တော်က ဘာမှမဖြစ်ကြောင်း ပြောနေသော်လည်း စတန်လေက ဆရာဝန်ခေါ်၍ အခန်းထဲသို့ ပြန်ပင်ရောက်လာပြီဖြစ်သည် ။ မေမေက စတန်လေနှင့်အတူရပ်နေသော ဆရာဝန်ကိုကြည့်၍ ကျွန်တော့်အားပြုံးပြကာ

" သားကဘာမှမဖြစ်ဘူးပြောပေမဲ့ မေမေစိတ်မချလို့ ဒေါက်တာခေါ်ထားတယ် .. လိုလိုမယ်မယ် စစ်စရာရှိတာတွေ စစ်လိုက်ပါကွယ် "

My boyfriend is a doctor (10)Where stories live. Discover now