25

1K 37 4
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 25

" ကိုကြီးက အိပ်နေတာတောင်ချစ်စရာကောင်းနေတာပဲ "

1.

ဖုန်းခေါ်ဆိုသူမှာ နိုအာ့အမေဖြစ်နေသောကြောင့် ခပ်သွက်သွက်ပင် ဖုန်းကိုကိုင်လိုက်ကာ

" ဟယ်လို အန်တီ ... ကျွန်တော်နေဘုန်းခန့်ပါ "

ဟု အရင်ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် နိုအာ့အမေက

" မောင်ဘုန်းလား ... သားလေးအိပ်နေတုန်းလား ... သက်ရောသက်သာရဲ့လားကွယ် ... သူကရတယ်ပြောလို့သာ ထားခဲ့ရတာ ... စိတ်ကထင့်နေလို့ "

ဟု ပြောသည် ။ နိုအာ့အမေ၏စကားကြောင့် ကျွန်တော် နိုအာ့နဖူးပေါ် လက်တင်ကြည့်လိုက်သည် ။ မနေ့ညကထက် သိသိသာသာ အပူကျနေပြီဖြစ်သောကြောင့်

" နိုအာက အိပ်တုန်း အန်တီ ... အဖျားလည်းကျနေပါပြီ ... စိတ်မပူပါနဲ့ .... သူ့အနားမှာ ကျွန်တော်ရှိပါတယ် "

ဟု ပြောလိုက်သည် ။ ထိုအခါမှ နိုအာ့အမေက စိတ်အေးသွားဟန်ဖြင့်

" သားအနားမှာ မောင်ဘုန်းရှိလို့တော်သေးတာပေါ့ ... မဟုတ်ရင် အန်တီ အခုထက်ပိုပူရမှာ "

ဟု ပြောသည် ။ ပြီးမှ

" ဒါဆို အန်တီဖုန်းချလိုက်တော့မယ် ... ကျေးဇူးပြုပြီး သားနိုးလာမှ အန်တီ့ကိုဖုန်းပြန်ခေါ်ပေးဖို့ ပြောပေးပါလား "

ဟု ပြောသည် ။ ထို့ကြောင့် ကျွန်တော်

" ကောင်းပါပြီ အန်တီ ... စိတ်ချပါ "

ဟု ပြောလိုက်သည် ။

2.

ကျွန်တော် ဖုန်းချပြီးသောအခါမှ နိုအာက နိုးလာသည် ။ ထို့ကြောင့် ကျွန်တော် ဖုန်းကိုဗီရိုပေါ်တင်လိုက်ပြီး

" နိုးပြီလား ... မင်းအမေတောင် အခုပဲဖုန်းဆက်သေးတယ် "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် နိုအာက

" မေမေကလည်း စောစောစီးစီး "

ဟု ခပ်တိုးတိုးရေရွတ်သည် ။ ပြီးမှ

My boyfriend is a doctor (10)Where stories live. Discover now