21

1.1K 39 2
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 21

" သတိရလာတော့ ကောင်စုတ်လေး "

1.

ကျွန်တော် ရိုစီ့အနောက်သို့ မှီအောင်လိုက်သွားသော်လည်း ရေစီးက စောစောကထက်ပို၍ သိသိသာသာကြမ်းလာသောကြောင့် ထင်သလောက်ခရီးမပေါက် ။ ထို့ကြောင့် ပါးစပ်မှ

" ရိုစီ ... နိုအာ့မှာ ရေကြောက်တဲ့ Phobia ရှိတယ် ... သူ့ကိုလွှတ်ပေးလိုက် ... ထပ်ခေါ်မသွားနဲ့တော့ "

ဟု အော်လိုက်သည် ။ ကျွန်တော် အော်နေစဉ်မှာပင် နိုအာက မျက်စိရှေ့မှပျောက်သွားသည် ။ ရိုစီက နိုအာပျောက်သွားသည်ကို သိဟန်တူသည် ။ ကျွန်တော့်ကိုပင် ဘာမှမပြောတော့ပဲ ရေအောက်သို့ငုတ်သွားသဖြင့် ကျွန်တော်လည်း

" နိုအာ "

ဟု ခေါ်ကာ ရေအောက်ထဲသို့ငုတ်လိုက်သည် ။ ထိုအခါမှ ရေစီးနှင့်အတူ ခပ်လှမ်းလှမ်းသို့မြောပါသွားသော နိုအာ့ကိုတွေ့ရသည် ။ ရိုစီ့ကိုပါ ရေအောက်တွင်တွေ့ရသော်လည်း ရေမကူးတတ်သောနိုအာက ရုန်းကန်နေသဖြင့် ရိုစီသွားကယ်လျှင် ရိုစီပါရော၍ နိုအာနှင့်အတူ ရေနစ်နေလိမ့်မည်ဟု တွေးမိသောကြောင့် ရိုစီ့ထက်အရင် နိုအာ့ထံရောက်ရန် ကူးသွားလိုက်သည် ။

2.

နိုအာ့ကို သဲသောင်ဆီသို့ ဆွဲခေါ်လာခဲ့နိုင်သော်လည်း သတိမရသေး ။ ရှေးဦးသူနာပြုနည်းနှင့် ရေအန်အောင်လုပ်ပေးသော်လည်း ရေပြန်အန်မထွက် ။ ရိုစီကလည်း မျက်စိမျက်နှာပျက်ယွင်းစွာဖြင့်

" ဘယ်လိုလုပ်ကြမလဲ ဘုန်း "

ဟု မေးသည် ။ ထို့ကြောင့် ဆေးရုံကားခေါ်ထားရန်ပြောလိုက်ပြီး ဒုတိယအကြိမ်အဖြစ် ရှေးဦးသူနာပြုနည်းကိုသုံးကာ နိုအာ့ကို ရေပြန်အန်စေသည် ။ ယခုတစ်ကြိမ်တွင်မူ ကျွန်တော့်ကြိုးစားမှု အရာထင်သွားသည် ။

သို့သော် ...
နိုအာက သတိပြန်လည်မလာ ။ ဆေးရုံပို့မှရတော့မည်ဖြစ်ကြောင်း ပို၍သေချာသွားသောကြောင့် ကျွန်တော့်ခရီးဆောင်အိတ်ထဲမှ အပိုယူလာသော အဝတ်အစားများကို ရေစိုနေသော နိုအာ့အဝတ်အစားများနှင့် လဲပေးလိုက်သည် ။ ရိုစီနှင့်တကွ အခြားလူများကလည်း ပြန်ရန် အထုတ်အပိုးများကို သွက်လက်စွာသိမ်းဆည်းကြသည် ။

My boyfriend is a doctor (10)Where stories live. Discover now