20

1.1K 36 3
                                    

💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}

Ch - 20

" ဘာမှမဖြစ်ဘူး ... ကိုယ်ရှိတယ် "

1.

ကမ်းခြေသို့ရောက်သောအခါ နိုအာကလွဲ၍ အကုန်လုံး ရေထဲဆင်းကြသည် ။ နိုအာကမူ မဆင်းပဲ သဲသောင်ပြင်ပေါ်တွင်ထိုင်ကာ ကျွန်တော်တို့အား ပြုံး၍ငေးကြည့်နေသည် ။ ရိုစီတို့နှင့်အတူ ရေထဲတွင်ဆော့နေသော်လည်း တစ်ယောက်ထဲ သဲသောင်ပြင်ပေါ်တွင်ထိုင်၍ သီချင်းနားထောင်နေသောနိုအာ့ထံသို့ စိတ်က မကြာခဏရောက်နေသဖြင့် ကျွန်တော် ရိုစီတို့ကိုထား၍ သဲသောင်ပြင်ပေါ်သို့ တက်လာခဲ့လိုက်သည် ။ ထိုအခါ နိုအာက ကျွန်တော့်ကိုပြုံး၍ကြည့်ကာ

" ပြိုင်းသွားပြီလား "

ဟု မေးသည် ။ နိုအာ့မေးခွန်းကို ကျွန်တော် အဖြေပြန်မပေးပဲ ရယ်ရုံသာရယ်ပြပြီး နိုအာထိုင်နေသည့်အခင်းပေါ်တွင်လှဲလိုက်သည် ။ ထိုအခါ နိုအာက ကျွန်တော့်ဘေးတွင်ဝင်လှဲကာ နားကြပ်တစ်ဖက်ကိုထောင်ပြ၍

" နားထောင်မလား "

ဟု မေးသည် ။ နိုအာက နားထောင်စေလို၍ မေးလာသောကြောင့် ကျွန်တော် မငြင်းတော့ပဲ နားကြပ်တစ်ဖက်ကိုယူကာ နားထဲသို့ထည့်လိုက်သည် ။

2.

ကမ်းခြေသို့လာကာ

🎶 I saw a peace of heaven .
      Waiting patiently for me , down .

      And I was running far away.
      Would I run off the world someday ?

      Nobody knows , nobody knows 🎶

🎶 I was dancing in the rain .
      I felt alive and I can't complain 🎶

🎶 But now take me home. Take me home  
      where I belong .
      I can't take it anymore 🎶

ဟု Rurora ၏ Runaway သီချင်းစာသားကို ခပ်တိုးတိုးလိုက်ညည်းနေသော နိုအာ့ကို ကျွန်တော် နားမလည်နိုင်စွာဖြင့် ခေါင်းထောင်ကြည့်လိုက်မိသည် ။ ကျွန်တော်လှမ်းအကြည့်နှင့် နိုအာပြန်အကြည့်က တိုက်ဆိုင်သွားသည် ။ ထို့ကြောင့် ကျွန်တော်

" မင်းအသည်းကွဲနေတာလား "

ဟု မေးလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် နိုအာက အူကြောင်ကြောင့်ဖြင့် ကျွန်တော့်ကိုကြည့်နေသည် ။ ပြီးမှ အော်ရယ်ကာ

My boyfriend is a doctor (10)Where stories live. Discover now